Home
မြန်မာသတင်း
မော်လမြိုင်တွင် ကားပစ္စည်းအဟောင်းထားသည့်ဂိုဒေါင် မီးလောင်
DVB
·
October 4, 2022
310089767_416365677324869_7717051026810742079_n

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ မြိုင်သဇင်လမ်းရှိ ကားပစ္စည်းအဟောင်းဂိုဒေါင်မှာ အောက်တိုဘာ ၄ ရက် မနက် ၇ နာရီ ၃၅ မိနစ်က မီးလောင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်

မီးလောင်မှုကို မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြိုင်သာယာ၊ ဈေးကြိုနယ်မြေ မီးသတ်စခန်းတွေ က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့ပေါ်က လူမူကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေသူတွေ  စုပေါင်းဝိုင်းဝန်း  ငြှိမ်းသတ်ရာမှာ မိနစ် ၂၀ လောက်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

ကားဂိုဒေါင် မီးလောင်တဲ့အကြောင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်တာကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်ရတဲ့အကြောင်းကို မသိရှိရသေးပါဘူး။ 

မြန်မာနိုင်ငံမှာတော့ ပေါ့ဆမီးကြောင့် နှစ်စဉ် ကျပ်သန်းနဲ့ချီ ဆုံးရှုံးခဲ့ရပြီး လူသေဆုံးတဲ့အထိ ရှိနေပါတယ်။

အခုလို ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ မီးဘေးအန္တရာယ်ကို ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေမှာ ပါဝင်ပူးပေါင်းကြဖို့ မီးသတ်ဦးစီးဌာနက တိုက်တွန်းထားပါတယ်။

Photo-လူမှုကယ်ဆယ်ရေး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024