DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကို စစ်ကောင်စီခွင့်ပြုပေး
DVB
·
October 4, 2022
မွန်ပြည်နယ်၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကို  စစ်ကောင်စီခွင့်ပြုပေး
Donate to DVB

မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကို ခွင့်ပြုပေးခဲ့ရာ အလုပ်အကိုင်အခွင့်အလမ်း ၃၅၀၀ နီးပါး ရရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၆၅၀ ၁၁ ဒသမ ၇၅၁ သန်းရှိခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုမှ ပြည်တွင်းအလုပ်သမား ၃၂၆၃ ဦး၊ ပြည်ပအလုပ်သမား ၁၅၉ ဦး (စုစုပေါင်း ၃၄၂၂ ဦး)တို့ အလုပ်အကိုင်တွေရရှိခဲ့ကြောင်း ပြောဆိုထားပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးစားကဏ္ဍတွေရဲ့ အသေးစိတ်ကိုတော့  မသိရပါဘူး။ 

တကယ့်မြေပြင်မှာတော့ မွန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်၊ ဘဏ်လုပ်ငန်းတွေအပြင် အသေးစား အလတ်စား SME လုပ်ငန်းတွေကအစ အရင် ကိုဗစ်ကာလကတည်းက ဒီနေ့အထိ စီးပွားရေးလုပ်ငန်းတွေမှာ နာလန်မထူနိုင်ကြသေးဘဲ တချို့လုပ်ငန်းတွေပါ ရပ်နားထားရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာ စီးပွားရေးတွေ ကျဆင်းလာတာနဲ့အမျှ နိုင်ငံရေးပဋိက္ခ အခြေအနေအမျိုးမျိုးကြောင့် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးလို့ အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေကို နေ့စဉ် ထွက်ခွာသွားနေကြပါတယ်။

မြန်မာလူငယ်အများဆုံးက ထိုင်းနဲ့ မလေးရှားဘက်ကို ပိုမိုသွားကြပြီး တရားမဝင် လမ်းကြောင်းကနေ သွားရောက်ကြတဲ့သူတွေဟာ တဖက်နိုင်ငံရဲ့ ရဲတွေရဲ့ ဖမ်းဆီးခံရတာတွေ မကြာခဏရှိနေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၆ လအတွင်း စီးပွားရေးတွေ ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပေမဲ့ ဒေသအတွင်း စီးပွါးရေး လုပ်ငန်းတွေမှာ ယနေ့အထိ နာလန်မထူနိုင်ကြသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013