နိုင်ငံတကာသတင်းထောက်များအား ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲသတ်မှတ်

နိုင်ငံတကာသတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဧပြီ ၃၀ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။ reporterဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ အဆင်ပြေစေဖို့ နိုင်ငံတွင်း သတင်းဌာန အခြေစိုက် ဖွင့်လှစ်ထားခြင်း မရှိတဲ့ နိုင်ငံတကာ သတင်းဌာနတွေက သတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှု ပြောင်းလဲ တိုးမြှင့် ထောက်ခံပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီအစီအစဉ်အရ ၁ လသက်တမ်းရှိ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှာဖြစ်ပြီး ပြည်တွင်းမှာ ၁ လ သက်တမ်း ၂ ကြိမ် သက်တမ်းတိုးခွင့်ရရှိပြီး ၃ လ ထိနေထိုင်သတင်းယူခွင့်ရမှာဖြစ်ပါတယ်။ ၃ လပြည့်ရင်တော့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသည့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ ပြန်လည်ရယူ လျှောက်ထားရမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်မတိုင်မီက ဌာနအခြေပြုမရှိတဲ့ သတင်းထောက်တွေဟာ သာမန်ပြည်ဝင်ခွင့် ဗီဇာ ၁ လနဲ့ နိုင်ငံတကာအစည်းအဝေး ကျင်းပတဲ့ ကာလအတွက် လုံလောက်တဲ့အချိန် သတ်မှတ်ပြီး ပြည်ဝင်ခွင့်ဗီဇာ ထောက်ခံပေးတာဖြစ်ပါတယ်။ သတင်းဌာန အခြေစိုက်ဖွင့်လှစ်ခွင့် ရရှိထားကြတဲ့ နိုင်ငံတကာသတင်းထောက်တွေကတော့ မူလသတ်မှတ်ချက်အတိုင်း ၆ လ ပြည်ဝင်ခွင့်ဗီဇာ ထောက်ခံပေးလျက်ရှိရာ ပြည်တွင်းမှာ သက်တမ်းတိုးခွင့်ကိုလည်း ၆ လ ၁ ကြိမ် ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up