DVB Logo
Home
မြန်မာသတင်း
သစ်လုံးတင်ဒါဈေး ကျဆင်းလို့ သစ်လုပ်ငန်းရှင်တွေ အဆင်ပြေ
DVB
·
April 30, 2014
သစ်လုံးတင်ဒါဈေး ကျဆင်းလို့ သစ်လုပ်ငန်းရှင်တွေ အဆင်ပြေ
Donate to DVB

ပြည်ပသို့ သစ်လုံးတင်ပို့မှု ၁ လအပြည့်မှာ ပြည်တွင်းသစ်လုံး တင်ဒါဈေးနှုန်းတွေ ကျသွားတဲ့အတွက် သစ်အချောထည် ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ အဆင်ပြေလာတယ်လို့ သစ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

woodယခင်က အရည်အသွေးကောင်းတဲ့ သစ်လုံးတွေ့ကို ပြည်ပတင်ပို့နေတာ ဖြစ်တဲ့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေ့အနေနဲ့ အရည်အသွေးနိမ့် သစ်လုံးတွေ့ကိုသာအပြိုင်ဝယ်ယူခဲ့ရပြီး သစ်အလုံးလိုက်တင်ပို့မှုကို ရပ်ဆိုင်းလိုက်တာကြောင့် အရည်သွေးမြင့် သစ်လုံးကုန်ကြမ်းတွေ ကိုပါ ဝယ်ယူလာနိုင်တယ်လို့ သစ်လုပ်ငန်းရှင်များအသင်းက ဦးဘာဘာချိုက ဒီဗွီဘီကို ပြောပါတယ်။

“သစ်လုံးကို ပြည်ပတင်ပို့တုန်းက နိုင်ငံခြားလုပ်ငန်းရှင်တွေ့နဲ့ အပြိုင်ဝယ်နေရတော့ ဈေးမြင့်တော့ အနိမ့်လေးတွေ့ပဲဝယ်ပြီး သစ်အချောထုတ်ရတယ်လေ။ သစ်လုံးတင်ပို့တာ ရပ်လိုက်တဲ့အတွက် ပြည်တွင်းက စက်မှုလုပ်ငန်းရှင်တွေ သစ်လုံးကုန်ကြမ်းရရှိမှုကတော့ အားကောင်းလာတယ်။ ဒါပေမဲ့ တိုးတက်ဖို့တော့ လိုသေးတယ်လို့ ပြောပါတယ်။ ပြည်ပကို သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့ တလအတွင်းမှာ နိုင်ငံခြား သစ်အပါးလွှာထုတ်လုပ်တဲ့ စက်ရုံတခုကို သစ်တောရေးရာ ဝန်ကြီးဌာနက ရင်းနှီးမြှုပ်နှံခွင့်ပြုထားပြီး ထပ်မံခွင့်ပြုမည် ကုမ္ပဏီလည်း ရှိသေးတယ်လို့ သိရပါတယ်။

သစ်လုပ်ငန်းမှာ ပြည်ပရင်းနှီးမှု များလာပါက သစ်လုံးကုန်ကြမ်းရရှိမှု ခက်ခဲလာနိုင်ပြီး ပြည်ပမှ ပြန်လည် တင်သွင်းမည်ဆိုပါက အစိုးရက သက်မှတ်ထားတဲ့ အခွန်ကိုပြန်လည် စဉ်းစားပေးရန် လိုတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013