DVB Logo
Home
မြန်မာသတင်း
မောင်တောဒေသတိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်များ ပြန်လက်ခံနိုင်ဖွယ်မရှိသေး
DVB
·
October 3, 2022
မောင်တောဒေသတိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်များ ပြန်လက်ခံနိုင်ဖွယ်မရှိသေး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို နေရပ်ပြန်လည် လက်ခံရေးအစီအစဥ်ဟာ လက်ရှိ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်နေတာကြောင့်  စတင်နိုင်မှာမဟုတ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်တွေတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်စွန့်ခွါထွက်ပြေးသွားကြတာဖြစ်ပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်ပဲ ဆက်ရှိနေကြတာ ဖြစ်ပါတယ်။

မောင်တောဒေသခံ မွတ်ဆလင်လူကြီးတစ်ဦးက " စစ်ရေးကပြင်းထန်နေတာလေ။ လေကြောင်းနဲ့ ဗုံးကြဲနေပြီ။ ဘယ်သူကပြန်လာဝံ့ကြတောမလဲ။ ဒီလို လက်ရှိ အခြေအနေနဲ့ စစ်ကောင်စီက ပြန်လည်လက်ခံရေးလုပ်ဖို့ လုံးဝမဖြစ်နိုင်တောဘူး။"လို့ပြောပါတယ်။

စက်တင်ဘာလကုန်မှာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည် ၁၀၀၀ ကျော် ပြန်လည်လက်ခံဖို့ရှိရာမှာ မွတ်ဆင်လင်ဒုက္ခသည်တွေအပါအဝင် ဟိန္ဒူ ၃၀၀ ကျော်ပါဝင်မှာဖြစ်ပြီး ပြန်ဝင်လာကြသူတွေကို  မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စတဲ့ ပြန်လည်လက်ခံရေးစခန်းတွေမှာ နေရာချထားပေမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကပြောဆိုထားခဲ့တာပါ။

လက်ရှိ မောင်တောမြောက်ပိုင်း စစ်ရေးအခြေအနေအရ ပြန်လည်လက်ခံရေးစခန်းတွေမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေ မြို့ပေါ်သို့ ထွက်ပြေးလာခဲ့ကြရပြီး စစ်ကောင်စီအနေနဲ့ စက်တင်ဘာလကုန်အထိ  တယောက်မှ ပြန်လည်လက်ခံနိုင်တာ မရှိဘူးလို့  မောင်တောဒေသခံရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

"ငါခူရပြန်လည်လက်ခံရေးစခန်းက ဝန်ထမ်းတွေ တစ်ယောက်မှ မရှိတောဘူး။တောင်ပြိုမှာလည်း နည်းနည်းပဲ ကျန်တော့တယ်။ အများစုက ထွက်ပြေးလာကြပြီ။ စက်တင်ဘာနောက်ဆုံး ပတ်လက်ခံမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးမဖြစ်ဘူးပေါ့ဗျာ။ နောက်ဖြစ်လာဖို့လည်း မလွယ်လောက်ဘူး။"လို့ ပြောပါတယ်။

စက်တင်ဘာလကုန်မှာ နေရပ်စွန်ခွာသွားသူတွေတွေ ပြန်လည်လက်ခံဖို့ စစ်ကောင်စီခန့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဒေါ်သက်သက်ခိုင်အပါအဝင် ကောင်စီဝင်တွေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက  မောင်တောဒေသကိုလာရောက် စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေအရ မောင်တောမြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေပြင်းထန်နေကြသလို မောင်တောမြောက်ပိုင်းနယ်မြေအများစုကို အေအေက တစ်စတစ်စ ထိန်းချုပ်လွှမ်းမိုးလာနေတာဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ကတော့ နေရပ်စွန်ခွါသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့  ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ရက္ခိုင့်ပြည်သူ့အစိုးရကို အသိအမှတ်ပြုကူညီပေးပါက တာဝန်ယူလက်ခံပေးသွားမယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ  ၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာအဖွဲ့ရဲ့ ရဲစခန်းတွေကို စတင်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးပြီး နယ်မြေရှင်းလင်းတုံ့ပြန်ခဲ့ရာမှာ    မွတ်ဆလင်ကျေးရွာ ၁၀၀ ကျော်ရှိ မွတ်ဆလင်ဒုက္ခသည် ၆ သိန်းကျော်နဲ့  ဟိန္ဒူဒုက္ခသည် ၄၄၄ ဦးတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013