DVB Logo
Home
မြန်မာသတင်း
လက်ယက်ကုန်းရွာအတွက် ကျားပေါက်လက်ရာ Doodle Art ဂစ်တာ ကန်ဒေါ်လာ ၆၅၀၀ ဖြင့် လေလံအောင်
DVB
·
October 3, 2022
လက်ယက်ကုန်းရွာအတွက် ကျားပေါက်လက်ရာ Doodle Art ဂစ်တာ ကန်ဒေါ်လာ ၆၅၀၀ ဖြင့် လေလံအောင်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်တာခံခဲ့ရတဲ့ လက်ယက်ကုန်းရွာကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် အဆိုတော်ကျားပေါက်ရဲ့ ဖန်တီးမှုလက်ရာ Doodle Art ဂစ်တာကို လေလံတင်ရောင်းချခဲ့ရာမှာ အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၆၅၀၀ နဲ့ လေလံအောင်သွားခဲ့တယ်လို့ သိရပါတယ်။

ခုတခါမှာတော့ အဆိုပါ လေလံအောင်ခဲ့သူက အမေရိကန်ဒေါ်လာ ၆၅၀၀ အပြင် ကာလတန်ကြေး ဒေါ်လာ ၁၀၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ စိန်နဲ့ ကျောက်စိမ်းလက်စွပ်တကွင်းကိုပါ ထည့်သွင်းလှူဒါန်းခဲ့ပြီး အဆိုပါ လက်စွပ်ကို လေလံ နောက်တဆင့် ထပ်မံပြီးတော့ ပြုလုပ်ပြီး ထပ်ပေါင်းထောက်ပံ့သွားမယ်လို့ စီစဉ်သူ ပန်ဆယ်လိုက ပြောပါတယ်။

“ဆရာကျားလက်ရာ Doodle Art ဂစ်တာလေးကတော့ အမေရိကန်ဒေါ်လာ 6500 (မြန်မာငွေ သိန်းတစ်ရာ့ခြောက်ဆယ်ကျော်)နဲ့ လေလံအောင်တဲ့အပြင် လေလံအောင်သူက အမေရိကန်ဒေါ်လာ 6500+ စိန်၊ ကျောက်စိမ်းလက်စွပ်တစ်ကွင်းကိုပါ ထည့်သွင်းလှူဒါန်းပေးသွားပါတယ်။ အဲ့တော့ အားလည်း နာပါတယ်။ ဒီ စိန်+ကျောက်စိမ်းလက်စွပ်လေးကိုပါ တပါတည်း ရောင်းပြီး လက်ယက်ကုန်းရွာလေးဆီ ပို့ပါမယ်။ လက်စွပ်လေးက ကာလတန်ကြေး ၂၅သိန်းကျော် (ဒေါ်လာတစ်ထောင်ဝန်းကျင်) တန်ပါတယ်။ ဒါလေးကိုလည်း ကြိုက်သလောက် စျေးတိုးပေးပြီး ဝယ်ပေးပါနော်။ ချက်ဘောက်က စျေးပေးပေးနော်။ ”

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ရဟတ်ယာဉ် ၂ စီးနဲ့ တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၇ ဦးအပါအဝင် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေတိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ၁၀ ကြိမ်သာရှိခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ အကြိမ်ရေ ၁၉၀ အထိများပြားလာခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ပညာရေးတိုက်ခိုက်မှုမှကာကွယ်ရေးအဖွဲ့ (GCPEA)က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာပညာရေးတိုက်ခိုက်မှုမှ ကာကွယ်ရေး ကုလသမဂ္ဂရဲ့ အထိမ်းအမှတ်နေ့မှာ  အစီရင်ခံစာထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီးတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စာသင်ကျောင်းတွေကို တိုက်ခိုက်ခံရတဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ် ၁၃ ခုအထိရှိလာခဲ့ပြီး အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တုန်းကတော့ ကျောင်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခုသာ ရှိခဲ့တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၃၂၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၆၉၁ ယောက် ရှိလာခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013