DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းပမာဏ အကြီးမားဆုံး မြန်မာကုမ္ပဏီ ထက်ဝက်နီးပါး ၀က်ဘ်ဆိုဒ်မရှိသေး
DVB
·
April 29, 2014
လုပ်ငန်းပမာဏ အကြီးမားဆုံး မြန်မာကုမ္ပဏီ ထက်ဝက်နီးပါး ၀က်ဘ်ဆိုဒ်မရှိသေး
Donate to DVB

လုပ်ငန်းပမာဏ အကြီးမားဆုံးမြန်မာကုမ္ပဏီတွေရဲ့ ထက်ဝက်နီးပါးလောက်မှာ ၀က်ဘ်ဆိုဒ် မရှိသေးဘူး လို့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေကို လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေး အထောက်အကူပြုဌာန (MCRB) ရဲ့ ပွင့်သစ်စ စီမံချက်က ဒီနေ့ပဲ သတင်းထုတ်ပြန် လိုက်ပါတယ်။

MCRBအဲဒီ ကုမ္ပဏီတွေဟာ  ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်တဲ့ ဝင်ငွေခွန်အများဆုံး ပေးဆောင်သူ ၁ဝဝ စာရင်း နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သူ ၁ဝဝ စာရင်းထဲက ဖြစ်ပါတယ်။

“စီမံချက်ကာလသီတင်းပတ် ခြောက်ပတ်ရှိတဲ့အချိန် မြန်မာ့စီးပွားရေးမှာ ထင်ရှားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပြည်တွင်း ကုမ္ပဏီ ၆၀ ရဲ့ဝက်ဘ်ဆိုဒ်တွေကို ကျမတို့သုံးသပ်ကြည့်ခဲ့ပါတယ်။ အဲဒီထဲက တ၀က်ကျော်ကျော်လောက်ဖြစ်တဲ့ ကုမ္ပဏီ ၃၄ ခုပဲ ၀က်ဘ်ဆိုဒ်ရှိတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက တချို့တွေကတော့ သူတို့ရဲ့ ကုမ္ပဏီ ဒါမှမဟုတ် အုပ်စုရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပက်သက်ပြီး အသေးစိတ်ကို ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ တချို့ကတော့ သူတို့ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကိုဖော်ပြထားပါတယ်။ ဒါပေမယ့် အလွန်နည်းတဲ့ အရေအတွက်ကပဲ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရဲ့ အခြားအလေ့အထတွေကို ဖော်ပြဖို့ ၀က်ဘ်ဆိုဒ်ကိုသုံးကြပါတယ်” လို့  မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန MCRB ရဲ့ ဒါရိုက်တာဗစ်ကီဘိုးမင်းက ပြောပါတယ်။

MCRB ရဲ့ ပွင့်သစ်စ စီမံချက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်း မြင်သာမှု၊ လူ့အခွင့်အရေး၊ လုံခြုံစိတ်ချမှုနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ နယ်ပယ်တွေမှာ ပွင့်လင်း မြင်သာမှုတိုးမြှင့်ဖို့ ရည်ရွယ်ပြီး မတ်လ ၁၈ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013