DVB Logo
Home
မြန်မာသတင်း
တပ်မ၃၃ က ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 2, 2022
တပ်မ၃၃ က ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အခြေစိုက် တပ်မ ၃၃ ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ် ၅ စီး ကို အောက်တိုဘာ ၂ ရက် မနက် ၁၁ နာရီကျော်က မိုင်း ၄၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီယာဉ်ကား ၅ စီးဟာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာဘက်လာချိန် အခုလို မိုင်းဆွဲ ခဲ့တာလို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးကပြောပါတယ်။ 

“အုန်တောရွာဘက် စစ်ကားတွေရောက်နေပြီလို့ သိရတာနဲ့ နဘဲကြူးရွာနဲ့ပျော့ရွာကြားကနေ  မိုင်း ၂ ပွိုင့် ထောင်ဆွဲတယ်။ တစ်ပွိုင့်ကို မိုင်း ဆယ်လုံးနဲ့ နှစ်ပွိုင်ဆိုတော့ အလုံးနှစ်ဆယ်နဲ့ မိုင်းဆွဲ ခဲ့တယ်။ အဲဒါပြီးတော့ ကံပြားရွာနဲ့ ထီးစောင်းကြားမှာ မိုင်း ၂၅ လုံးနဲ့ ဆွဲခဲ့တယ်။ သူတို့ လာတာက ကားကြီး ၃ စီး၊ ကားလေး ၂ စီး။ အခုလို မိုင်းဆွဲခံရလို့  ၃ ဦး သေတယ်။  အများအပြား ဒဏ်ရာ ရသွားတယ်လို့ မြင်းမူစကောက်သတင်းပို့ချက်အရ သိထားရတယ်။ သူတို့က မုံရွာဘက်ကို စစ်အင်အားဖြည့်ဖို့ စစ်သားတွေ ပို့ပေးတဲ့ကားတွေ ဖြစ်တယ်။ ကျနော်တို့ဘက်က ထိခိုက် ကျဆုံးတာ မရှိဘူး” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်ခြံ Zero ပြောက်ကျားအဖွဲ့၊ စစ်ကိုင်း Zero power၊ စစ်ကိုင်းနွေဦးရဲဘော်အဖွဲ့၊ အရာတော် Dranger Fourceတို့ ပူးပေါင်းပြီး  လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အလားတူ အဲဒီယာဉ်တန်းကို နတ်ရေကန်ကျေးရွာ နဲ့ ဂွေးပင်တော ကျေးရွာကြားမှာ မနက် ၁၁ နာရီ ၄၅ မိနစ်လောက် ထပ်မံမိုင်းဆွဲခဲ့တယ်လို့ T.G.R. ဗိုလ်တိုက်ဂါးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ် ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာ-စစ်ကိုင်းလမ်းတလျှောက် စစ်ကောင်စီယာဉ်တွေ အသွား - အလာ လုပ်နေတာမို့ ပြည်သူတွေ အနေနဲ့ အထူးဂရုစိုက် အသွားအလာလုပ်ကြဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013