DVB Logo
Home
နိုင်ငံရေး
ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာမျက်နှာစာတွင် ထိခိုက်ဟု ဒုသမ္မတပြော
DVB
·
April 29, 2014
ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာမျက်နှာစာတွင် ထိခိုက်ဟု ဒုသမ္မတပြော
Donate to DVB

ရခိုင်ပြည်နယ် ပဋိပက္ခ အရေးအခင်းဟာ  မြန်မာနိုင်ငံအတွက်  နိုင်ငံတကာမျက်နှာစာမှာ ထိခိုက်စေတယ်လို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက  ဧပြီ ၂၈ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးပွဲမှာ  ပြောကြားလိုက်ပါတယ်။

Dr Sai Mout Khanကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းက  ရခိုင်ပြည်နယ် အရေးအခင်းဟာ ဒီမိုကရေစီအစိုးရအတွက် အခက်အခဲဖြစ်စေတဲ့အကြောင်း၊  မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အကောင်းမြင်ရလဒ်တွေဟာ ရခိုင်အရေးအခင်းကိစ္စတခုတည်းနဲ့ အနုတ်လက္ခဏာ ဖြစ်စေတယ်လို့ ပြောပါတယ်။

ရခိုင်အရေးအခင်းကြောင့် လူပေါင်းသိန်းနဲ့ချီတဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းက ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ လူမှုရေးကို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတခုတည်းနဲ့ မလုံလောက်လို့   ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ အရေးပါတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးဖြေရှင်းဖို့ နှစ်ဖက်လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်သူတွေ အားလုံး ရေရှည်လက်ခံနိုင်တဲ့ လမ်းပြမြေပုံရေးဆွဲချပြ ဆောင်ရွက်သွားရမယ်လို့ ဒုသမ္မတကပြောကြားတဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013