DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်း ၂၄၀၀ ကျော် အတွက် ကျပ်ငွေသိန်း ၁၅၀၀ ကူညီပံ့ပိုးခဲ့ဟု CRPH ထုတ်ပြန်
DVB
·
October 2, 2022
CDM ဝန်ထမ်း ၂၄၀၀ ကျော် အတွက် ကျပ်ငွေသိန်း ၁၅၀၀ ကူညီပံ့ပိုးခဲ့ဟု CRPH ထုတ်ပြန်
Donate to DVB

၂၀၂၂ ခုနှစ်အတွင်းမှာ ပြည်သူ့ရေးရာကော်မတီအနေနဲ့  CDM ဝန်ထမ်းပေါင်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကို ကူညီ ပံ့ပိုးနိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ရေးရာကော်မတီရဲ့ အရေးပေါ်ကူညီပံ့ပိုးမှုတွေထဲမှာ  ကျန်းမာရေးနဲ့ မီးဖွားစရိတ်အတွက် ကျပ် တသိန်းစီ၊ စားဝတ်နေရေး အခက်အခဲအတွက် ကျပ် ၅၀,၀၀၀ နှုန်း၊  ခေါင်းစဉ်သုံးခုနဲ့ အဓိကပံ့ပိုးပေးနေပြီး ကွယ်လွန်၊ အဖမ်းဆီးခံ၊ နေအိမ်ရွှေ့ပြောင်းနဲ့ တခြားအရေးပေါ် ကိစ္စရပ်တွေအတွက်လည်း အလျဉ်းသင့်သလို ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ 

CDMသူရဲကောင်း ပြည်သူ့ဝန်ထမ်းတွေကို တစ်ဒေါင့်တစ်နေရကနေ ကူညီထောက်ပံ့ပေးနိုင်ဖို့ ပြည်သူ့ရေးရာကော်မတီဟာ  နိုင်ငံတကာက အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေ၊ Ahlu Shin Application နဲ့ Spring Legends YouTube Channel တို့ရဲ့ ကြော်ငြာတွေကရတဲ့ ဝင်ငွေတွေနဲ့ အမှန်တကယ် လိုအပ်နေတဲ့ CDM  အရေးပေါ်ကိစ္စရပ်တွေကို ကူညီပံ့ပိုးနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

NUG အစိုးရဟာ ဘဏ္ဍာငွေ အသုံးစရိတ်တွေကို ပြည်သူလူထုရဲ့ ချွေးနည်းစာ စေတနာနဲ့ မတည်လည်ပတ်နေတာဖြစ်လို့ စနစ်ကျဖို့၊ ဦးစားပေး ကဏ္ဍတွေမှာ သုံးစွဲဖို့၊ အလေအလွင့် မရှိဖို့၊ ကိုယ်ကျိုးအတွက် အသုံးမပြုမိဖို့ အလွန်အရေးကြီးတယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကပြီးခဲ့တဲ့  စက်တင်ဘာလ ၂၈ ရက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောပါတယ်။

ဒီကနေ့အချိန်အထိ နိုင်ငံခြားတိုင်းပြည်တွေကနေ ထောက်ပံ့ငွေ လုံးဝ မရရှိသေးတဲ့အတွက် မိမိတို့ ပြည်သူပြည်သားတွေရဲ့ မေတ္တာစေတနာနဲ့ ပံ့ပိုးပေးတဲ့ ငွေတွေနဲ့သာ  အခုတော်လှန်ရေးကို အဓိကမောင်းနှင်နေရတာလို့လည်းပြောပါတယ်။

အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ထုတ်ပြန်ကြေညာထားပေမဲ့ တကယ့် လက်တွေ့မြေပြင်မှာ အထောက်အပံ့မရဘဲ အခက်အခဲကြုံနေကြတဲ့   CDM ပြည်သူ့ဝန်ထမ်းတွေလည်း အများအပြားရှိနေပါတယ်။ 

ရေရှည်မှာ မိသားစု စားဝတ်နေရေးကျပ်တည်းလာတာနဲ့ စစ်ကောင်စီရဲ့နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးမှုတွေကြောင့် CDM ဝန်ထမ်းအဖြစ်ကနေ Non- CDM အဖြစ်ပြန်လည် တာဝန်ထမ်းဆောင်နေကြသူတွေလည်းရှိလာပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်ကောင်စီလက်ကိုင်တုတ် ပညာရေး Non CDM ဝန်ထမ်းတွေကို အရေးယူမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်နေကြရာမှာ   အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM - Civil Disobedience Movement) ဟာလည်း အဓိကအင်အားစုတခုဖြစ်ပြီး ဒီလှုပ်ရှားမှုကို နော်ဝေနိုင်ငံအော်စလိုတက္ကသိုလ်မှ ပါမောက္ခ ၆ ဦးက နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013