DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ရဲစခန်းနှင့်စစ်ကောင်စီယာဉ်တစီး ပစ်ခတ်မိုင်းဆွဲခံရ
DVB
·
October 1, 2022
စစ်ကိုင်းတိုင်းတွင် ရဲစခန်းနှင့်စစ်ကောင်စီယာဉ်တစီး ပစ်ခတ်မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့က ရဲစခန်းကို အောက်တိုဘာ ၁ ရက် မနက် ၅ နာရီကျော်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီရဲစခန်းကို People's Army To Fight Dictatorship (PAFD).တပ်ခွဲ DK PDF(MMU)၊ People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU / Phoenix (SGG) မဟာမိတ်အဖွဲ့တွေက ၄၀ မမလောင်ချာအပါအဝင် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

PAFD တာဝန်ခံက  “အဲဒီစခန်းက စစ်ကြောင်းရှိတဲ့အခါ လာတယ်။ ပြည်သူတွေဆိုလည်း အဲဒီစခန်းက ရိုက်နှက် စစ်ဆေးတာတွေ လုပ်တယ်။ ဆိုင်ကယ်တွေ အမျိုးသား နှစ်ယောက် စီးရင်လည်း ဖမ်းတာ ရိုက်တာ ငွေညှစ်တာတွေ ရှိတယ်။”  

ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာနား မှာ ခွန်းတောင်းကြီးကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ ၅ ယောက် သေဆုံးပြီး ကားပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ရွှေဘိုမြို့နယ်(ပကဖ) တိုက်နယ် ၁ မှ တာဝန်ရှိသူ တဦးက “ အဲဒီကားမှာ သူတို့အဖွဲ့တွေ ၆ ယောက်ပါတယ်။ အနီးမှာလည်း ပျူတွေ ခြေလျင်ကင်းပုန်း လာဝပ်ပေးနေတာရှိတယ်။ အဆင် သင့် တပ်ဆင်ထားတဲ့ ပဒေသာမိုင်းကွင်းထဲ အရောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ အိမ်စီး ကားကတော့ ရစရာမရှိတော့အောင် စုတ်ပြတ်သွားတယ်။ ၅ ကောင်က အဲဒီနား ပွဲချင်း ပြီး သေတာ" လို့ ပြောပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် သေဆုံးတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှ ၅ ယောက်ကို Light Truck ကားနဲ့ ပန်းရံကျေးရွာဘက် ခေါ်ဆောင်သွားပြီး ဒဏ်ရာရ ပျူစောထီးတပ်ဖွဲ့ဝင် ၂ ယောက် ကို လည်း ‌အရေးပေါ်ဆေးကုသဖို့ ရွှေဘိုဆေးရုံကြီးကို ‌ပို့ဆောင်ထားတယ်လို့ သိရကြောင်း ဒေသ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် (ပကဖ) တိုက်နယ် ၁ အဖွဲ့ဝင်တွေနဲ့ One Day - LDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း တက်တူကျေးရွာအနီး သေဆုံးခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် တဦးရဲ့ အလောင်းကို လာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013