DVB Logo
Home
မြန်မာသတင်း
စစ်ရေးနှင့် ပြဿ နာဖြေရှင်းမှု ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ကေအန်ယူ ဆန့်ကျင်
DVB
·
April 29, 2014
စစ်ရေးနှင့် ပြဿ     နာဖြေရှင်းမှု  ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ကေအန်ယူ ဆန့်ကျင်
Donate to DVB

စစ်ရေးနည်းနဲ့ပြဿနာတွေကို ဖြေရှင်းတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်ပျက်စီးစေတဲ့အတွက် လုံးဝဆန့်ကျင်တဲ့အကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (ယူဒဗလျူအက်စ်ပီ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့က ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတဲ့အချိန်မှာ ယူဒဗလျူအက်စ်ပီ နဲ့ ကေအန်ယူ တို့က ဧပြီ ၂၆ ရက်နေ့က အခုလို ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

UWSP and KNUဧပြီ ၂၆ ရက်နေ့က ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လူမျိုးများအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ အပြန်အလှန် ဆွေးနွေးတာ၊ တန်းတူညီတူ ညှိနှိုင်းဆောင်ရွက်တာနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းတွေနဲ့ ဆောင်ရွက်သွားဖို့ သဘောတူတယ်လို့လည်း ဆိုပါတယ်။

ဒီပူးတွဲထုတ်ပြန်ချက်ကို ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီက ဒုတိယ အထွေထွေအတွင်းရေးမှူး ဦးလျောက်မင်းလျှံတို့ ပူးတွဲလက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။

ယူဒဗလျူအက်စ်ပီပါတီ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်က သူတို့ပါတီအနေနဲ့လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ယူထားတာ ၂၅ နှစ်နီးပါး ရှိလာပြီဖြစ်သလို တခြားတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရေးထားတယ်လို့ ပြောပါတယ်။

“စစ်ရေးနည်းနဲ့ လက်နက်နဲ့ ပြဿနာ ဖြေရှင်းတာကို ဆန့်ကျင်တယ်ဆိုတာ ကျနော်တို့ အကြောင်းအရင်းနဲ့ သမိုင်းနောက်ခံလည်း ရှိတယ်။ ကျနော်တို့က ၂၅ နှစ် တင်းတင်းလည်း ရှိလာပြီဆိုတော့ အခုတချို့ ငြိမ်းချမ်းရေး လက်မှတ်တွေလည်း ထိုးထားတယ်။ ဒီကိစ္စ ဟိုကိစ္စလေး နည်းနည်းကြောင့် ဖြစ်လာတဲ့ ကိစ္စလေးတွေကြောင့် ဒီလို သဘောထားကို ထုတ်ပြန်တာ ဖြစ်ပါတယ်။”

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လိုအပ်တဲ့ အချက်အလက်တွေကို ပြုပြင်ပြောင်းလဲ ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူညီခဲ့သလို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ် တည်ဆောက်ရန် တောင်းဆိုချက်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးများနဲ့ စုပေါင်းဖွဲ့စည်း ထူထောင်ထားပေမယ့်လည်း လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံရေး တန်းတူညီမျှမှုမရှိခြင်းကြောင့် ကာလကြာ ပြည်တွင်း ပဋိပက္ခ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတရပ်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013