DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်ထပ်ချသည့်အပေါ် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ကန့်ကွက် ရှုတ်ချ
DVB
·
September 30, 2022
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်ထပ်ချသည့်အပေါ် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ကန့်ကွက် ရှုတ်ချ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက နောက်ထပ်ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုတဲ့အကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက  စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်တယ်။

အခုလို အမိန့်ချမှတ်တာဟာ မြန်မာပြည်သူလူထု တရားဝင်ရွေးချယ်တင်မြှောက်ခံရသူတွေကို စစ်ကောင်စီက ကြိုးကိုင်ခြယ်လှယ်လိုက်တဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်တယ်၊ တရားမျှတမှုကို စစ်ခုံရုံးတွေကသိမ်းယူတာဟာ အခြေခံအခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်စေတယ်။ 

မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအပေါ် ကျင့်သုံးနေတဲ့ စစ်ကောင်စီရဲ့အဆိုပါလုပ်ရပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေတဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အကျပ်အတည်းတွေ အမြန်ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းနည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ဆိုပါတယ်။

အာဆီယံနဲ့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ဆောင်ချက်တွေအတွက် ထောက်ခံမှုအပြင် ကုလသမဂ္ဂ တွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ပြင်သစ်နိုင်ငံကဆက်လက်အားပေးထောက်ခံကာ ဒီမိုကရက်တစ် အတိုက်အခံတွေအပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲတွေဖေါ်ဆောင်ခြင်းဟာ အကျပ်အတည်းကို အဆုံးသတ်ဖို့ အခွင့်အလမ်းအားလုံးရဲ့ မရှိမဖြစ် လိုအပ်သော အခြေအနေတရပ်ဖြစ်တယ်လို့ လည်း ပြင်သစ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်တို့အပါအဝင် ၅ ဦးကို  နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၂၉ ရက် ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာ ဖြစ်ပါတယ်။။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှုစုစုပေါင်း ၁၉ မှုရှိခဲ့ပြီး အဲ့ဒီအထဲက ၁၁ မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပါတယ်။

အခုမစ္စတာရှောင်တာနယ်အမှုနဲ့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ချမှတ်ခံရတဲ့ ထောင်ဒဏ်ဟာ ၂၃ နှစ်အထိရှိလာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်သူလူထုအတွက် ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အဂတိအမှု ၂ မှု၊ စုစုပေါင်း ၇ မှုကို ရင်ဆိုင်ဖို့ကျန်နေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013