
စစ်ကောင်စီတပ်သားတယောက် ပြည်သူ့တပ်မတော်သားအဖြစ် CDM လုပ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A) ဆီ စက်တင်ဘာ ၂၉ ရက်က ဝင်ရောက်လာတယ်လို့ N.S.S.A.A က ထုတ်ပြန်ပါတယ်။
CDM လုပ်လာတဲ့ တပ်သားဟာ သာမန် တပ်သားတယောက်ဖြစ်ပြီး ဘယ်တပ်ကဆိုတာနဲ့ ကျန်တဲ့ အချက်အလက်တွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်အရ ပြောခွင့်မရှိဘူးလို့ N.S.S.A.A က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A) မှ ကိုပိစိက "တပ်ရင်းက ညီနောင် တယောက်ကို ဆက်သွယ်ပြီး ရောက်လာတာပါ။ ဆက်သွယ်လာတာကတော့ ကြာပြီ။ ရှေ့မှာ လည်း CDM ဝင်လာပြီးမှ ဒလန်ဖြစ်နေတာမျိုးတွေရှိလို့။ တကယ်လည်း စစ်အာဏာရှင် လက်အောက်က ရုန်းထွက်ချင်တဲ့သူမို့လို့ လက်ခံလိုက်တာပါ။ သူ့သူငယ်ချင်းတွေလည်း လက်ရှိ ဒီမှာ ရှိနေပြီး သူ့မိသားစုကလည်း ကျနော်တို့ အဝန်းအဝိုင်းမှာပါပဲ” လို့ ပြောပါတယ်။
CDM လုပ်လာတဲ့ တပ်သားကို ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ် (N.S.S.A.A)တပ်ရင်းမှာ သီးသန့်ထားတာမျိုးတွေ သီးခြားဆက်ဆံတာမျိုးတွေ မလုပ်ဘဲ တန်းတူ နေထိုင်ခွင့် ပေးထား တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်ကလည်း စစ်ကောင်စီတပ်က တပ်သားတွေ CDM လုပ်ဖို့ ဆက်သွယ်လာတာ ရှိပေမဲ့ မယုံကြည်ရလို့ မခေါ်ခဲ့ဘူးလို့ သိရပါတယ်။