Home
မြန်မာသတင်း
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ကျားသစ်နက်တပ်မတော်အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်း
DVB
·
September 28, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲအခြေစိုက် ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ကို စက်တင်ဘာ ၂၈ ရက်ကစတင်ပြီး ကျားသစ်နက်တပ်မတော်  Black Leopard Army (B.L.P.A) လို့ အမည်ပြောင်းလဲ သတ်မှတ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့အချိန် တနှစ်ပြည့်ဖို့ လပိုင်းသာ လိုတော့တဲ့အချိန်မှာ အခုလို အမည်ပြောင်းလဲသတ်မှတ်တာလို့ သိရပါတယ်။

ကျားသစ်နက် ပြန်ကြားရေးခေါင်းဆောင် ဆရာပေက “ကျနော့်အဖွဲ့လေးက စစ်အာဏာ သိမ်းပြီးချိန်ကစလို့ တူမီးသေနတ်အဆင့်ကနေ လက်လုပ်ခါးချိုးတဆင့်၊ အဲဒီကနေ အခုနောက်ဆုံး တာဝေးပစ်အမြောက်တွေ၊ ဖျက်အားပြင်းထန်တဲ့ ရှော့တိုက်ဒုံး၊ ဝေဟင်ကနေ ဒရုန်းတပ်ဖွဲ့တွေ အမျိုးစုံနဲ့ ဒီနေ့အထိ တိုက်ပွဲဝင်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ အခုလို ပြောင်းလဲဖွဲ့စည်းရတာဟာ စစ်ကောင်စီကို ခုခံစစ်ကနေ ထိုးစစ်ဆင်ပြီး ညစခန်းသိမ်း‌ တိုက်ပွဲတွေ ပြုလုပ်တော့မှာဖြစ်လို့ ပြောင်းလဲရတာဖြစ်တယ်” လို့ ပြောပါတယ်။

ကျားသစ်နက်တပ်မတော်ဟာ စစ်ကောင်စီကို ယင်းမာပင်ခရိုင်အတွင်းသာမက မကွေးတိုင်း မြိုင်မြို့၊ ပေါက်မြို့တွေအထိပါ တိုက်ပွဲဝင် တိုက်ခိုက်နေသလို NUG အစိုးရရဲ့ အသိအမှတ်ပြု စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၁ ဖြစ်ပြီး ပုလဲမြို့နယ်အတွက်နဲ့ဆိုရင် တပ်ရင်း ၅ အဖြစ် MOD ရဲ့ အသိအမှတ်ပြု တပ်မတော်တခုလည်းဖြစ်တယ်လို့ သိရပါတယ်။

ကျားသစ်နက်တပ်မတော်မှာ လက်ရှိအနေအထားအရ တပ်ရင်း ၃ ရင်းစာနဲ့ တပ်ဖွဲ့ဝင် ‌အများအပြားရှိနေကာ အထူးကွန်မန်ဒိုအဖွဲ့ ၁၀၀ ကိုလည်း ဖွဲ့စည်းထားတယ်လို့ အဖွဲ့တာ‌ဝန်ရှိသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024