DVB Logo
Home
နိုင်ငံရေး
ငြိမ်းချမ်းရေးကော်မတီနှင့် မေ ၁၀ ရက်နေ့ ဆွေးနွေးရန် ဆန္ဒရှိဟု ကေအိုင်အိုပြော
DVB
·
April 29, 2014
ငြိမ်းချမ်းရေးကော်မတီနှင့် မေ ၁၀ ရက်နေ့ ဆွေးနွေးရန် ဆန္ဒရှိဟု ကေအိုင်အိုပြော
1 / 3
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လာမယ့် မေလ ၁၀ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ဦးအောင်မင်းဆီ အကြောင်းကြားစာ ဒီနေ့ ပေးပို့ခဲ့ပါတယ်။

[caption id="attachment_55652" align="alignleft" width="300"]gum maw copy ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]

ဒီအကြောင်းကြားစာနဲ့ ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက် ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ သိပ်များလာတယ်ဆိုတဲ့အခါကျတော့ ဒီတိုက်ပွဲတွေကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေမှာ တင်းမာမှုတွေ ဖြစ်လာနိုင် တယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ ပါဝင်မှုတွေကိုလည်း ကျနော်တို့က ပြန်စဉ်းစားဖို့ လိုအပ်လာတယ်။ အဲဒါကြောင့် ဒီလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အရှိန်အဟုန်မပျက်အောင် ကျနော်တို့က ဆွေးနွေးပွဲတွေ လုပ်ချင်တဲ့သဘောဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က အစိုးရကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

လာမယ့် မေလထဲမှာ တွေ့ဆုံဆွေးနွေးရေး ကျင်းပဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဗီဂျေနန်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မစ္စတာ ၀မ်ရင်ဖန်၊ ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့တို့ကို ဖိတ်ကြားသွားမယ်လို့ စာမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတို့ကို နှစ်ဖက် တွေ့ဆုံ အမြင်သဘောထား ဖလှယ်ရေးနဲ့ ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းအားဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေတဲ့ Peace Process ကို ပိုမိုအဆင်ပြေစေနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ကေအိုင်အိုနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကေအိုင်အိုရဲ့ ဆွေးနွေးပွဲလုပ်ဖို့ အဆိုပြုလွှာကို ၀န်ကြီးဦးအောင်မင်းက လက်ခံရရှိ ကြောင်းနဲ့ ဒီကိစ္စပေါ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းပြီး ပြန်လည် အကြာင်းပြန်မယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

"ဒီနေ့ ရက်စွဲနဲ့ ၀န်ကြီး ဦးအောင်မင်းဆီကို ကေအိုင်အိုကနေပြီး ဆွေးနွေးပွဲ ပြုလုပ်ဖို့ အဆိုပြုလွှာ ပို့တာတွေ့ပါတယ်။ ၀န်ကြီး ဦးအောင်မင်းကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းပြီးရင် ဒါကို အကောင်အထည်ဖော်မှာပါ။ ငြိမ်းချမ်းရေးဆိုတာက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးတာက လွဲရင်တော့ ဒီ့ပြင်နည်း ရှိတယ်လို့ ကျနော် မတွေ့သေးဘူး။ ဒါကြောင့်မို့လို့ သူတို့ အနေနဲ့ တွေ့မှာပါ။"

ပြီးခဲ့တဲ့ အောက်တိုဘာလက ကေအိုင်အိုနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရတပ်တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒုက္ခသည် တွေ ထွက်ပြေးခိုလုံနေ ကြရပြီး တချို့မှာ အစားအစာနဲ့ သောက်သုံးရေအခက်အခဲကြံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013