DVB Logo
Home
Lead Story
ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး မကွေးမြို့တွင် ဆန္ဒထုတ်ဖော်မည်
DVB
·
April 29, 2014
ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး မကွေးမြို့တွင် ဆန္ဒထုတ်ဖော်မည်
Donate to DVB

ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေအပါအ၀င် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး မကွေးမြို့မှာ မေ ၇ ရက်နေ့ ဆန္ဒ ထုတ်ဖော်မယ်လို့ မကွေးမြို့ မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ဝင် ဦးထွန်းက ပြောပါတယ်။

“အခု အစည်းအဝေး လုပ်နေပါတယ်။ ဒီနေ့ပဲ ရဲစခန်းမှာ ခွင့်ပြုချက် သွားတင်မှာပါ။ ခွင့်ပြုချက်ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ဆန္ဒထုတ်ဖော်သွားမယ်” လို့ ဦးထွန်းက ပြောပါတယ်။

Ko Zaw Peမေ ၇ ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲမှာ မြေလတ်သတင်းမီဒီယာအဖွဲ့နဲ့ လူမှုအဖွဲ့အစည်း ၅၀ ကျော်မှ လူဦးရေ ၂၀၀ ခန့် ပါဝင်မှာဖြစ်ပြီး မနက် ၈ နာရီမှ စတင်ကာ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ထားတယ်လို့ မြေလတ်သတင်းမီဒီယာအဖွဲ့က ဆိုပါတယ်။

ဂျပန်နိုင်ငံ ဖောင်ဒေးရှင်းတခုကပေးတဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး မကွေးတိုင်း ပညာရေးမှူးရုံးမှာ သတင်းသွားယူခဲ့တဲ့ မကွေးအခြေစိုက် ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေနဲ့ သူ့ကို အကူအညီ ပေးနေတဲ့ မြို့ခံကျောင်းသားမိဘ ၁ ဦးတို့ကို မကွေးမြို့နယ် တရားရုံးက ဧပြီ ၇ ရက်နေ့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈၊ ပိုင်နက်ကျူးလွန်မှုနဲ့ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရား နှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် တပေါင်းတည်းကျခံဖို့ ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကလည်း ပြည်မြို့မှာ သတင်းထောက် ၂၀ လောက်နဲ့ ဒေသခံ စုပေါင်း ၁၀၀ လောက်က ဖမ်းဆီးတရားစွဲဆို ထောင်ဒဏ်ကျနေတဲ့ သတင်းထောက်တွေ ပြန် လွှတ်ပေးရေး၊ မီဒီယာလွတ်လပ်ခွင့် ရရှိရေးနဲ့ ပြည်သူပိုင် အဆောက်အဦနဲ့ ရုံးတွေမှာ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရေး တောင်းဆို ဆန္ဒပြခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့တဲ့ သတင်းထောက် ဦးရေခဲကို ပြည်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013