DVB Logo
Home
နိုင်ငံရေး
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ မေလတွင် ပြုလုပ်နိုင်မည်
DVB
·
April 29, 2014
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ မေလတွင် ပြုလုပ်နိုင်မည်
Donate to DVB

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ရဲ့ညှိနှိုင်းဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ အပစ်အခတ် ရပ်စဲရေး ရက်အကန့်အသတ်မရှိ ရွှေဆိုင်းလိုက်တယ် ဆိုတဲ့အပေါ် မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက မဟုတ်မှန်ကြောင်းနဲ့ မေလမှာ ပြုလုပ်နိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

Hla Mg Shweအန်စီစီတီအဖွဲ့ဝင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက်နေ့ထိ အစည်းအဝေး လုပ်နေတုန်း ဖြစ်ပါတယ်။

“ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကျနော်တို့ အစိုးရ အဖွဲ့ဘက်က အပစ်အခတ် ရပ်စဲရေးအတွက် စားပွဲဝိုင်းဆွေးနွေးဖို့ မေ ၁၇ ရက်နေ့ကို လုပ်နိုင် ဖို့ ညှိနှိုင်းနေတယ်။ ဒီနေ့ ညနေမှာ အဖြေသိရမှာပါ။ ငြိမ်းချမ်းရေးဆိုတာ စားပွဲဝိုင်းမှာပဲ ဆွေးနွေးလို့ ရတာ၊ တခြားဘယ်မှာမှ ဆွေးနွေးလို့ မရနိုင်ဘူး။ ဒီလို ထွက်ပေါ်လာတာကလည်း အန်စီစီတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မဟုတ်ဘူး” လို့ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

အန်စီစီတီက ဧပြီ ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွက် အစိုးရနဲ့ မေလမှာ အကြမ်းဖျင်းတွေ့ဆုံမယ်လို့ ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြရာမှာ တိုင်းရင်းသားတွေဘက်က လိုလားတဲ့ ဖက်ဒရယ်အသုံးအနှုန်း၊ ဖက်ဒရယ် တပ်မတော်ဆိုတာတွေကို အစိုးရဘက်က မလိုက်လျောနိုင်တဲ့အတွက် ဆွေးနွေးမှုကို တိုင်းရင်းသားတွေဘက်က ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာလို့ အန်စီစီတီ အဖွဲ့ဝင် ဦးနိုင်ဟံသာရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013