DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများကို ပထမဆုံး လူ့အခွင့်အရေးသင်တန်း ပေးမည်
DVB
·
April 29, 2014
မသန်စွမ်းသူများကို ပထမဆုံး လူ့အခွင့်အရေးသင်တန်း ပေးမည်
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ မသန်စွမ်းသူတွေကို ပထမဆုံး လူ့အခွင့်အရေးသင်တန်းပို့ချဖို့ ရှိ နေပါတယ်။

မသန်စွမ်းအမျိုးသမီးအဖွဲ့က ဦးစီးပြီး လာမယ့် မေလလယ်လောက်မှာ ခေါင်းဆောင်မှု သင်တန်း အပါအ၀င် လူ့အခွင့်အရေးသင်တန်း ပို့ချဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ကစပြီး မသန်စွမ်းအမျိုးသမီးအဖွဲ့က ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင် ဦးဆောင်ပြီး မသန်စွမ်းသူတွေကို စုစည်းပြီး သူတို့ရဲ့ ပြဿနာတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ ခေါင်းဆောင်မှုဖြစ်အောင် လုပ်ဆောင်တဲ့အစီအစဉ် ရှိခဲ့ပါတယ်။

[caption id="attachment_46520" align="alignleft" width="300"]၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ ၇ ကြိမ်မြောက် ပါရာဂိမ်း အားကစားပြိုင်ပွဲ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် ပါရာဂိမ်း အားကစားပြိုင်ပွဲ[/caption]

ဒီလိုအစီအစဉ်တွေမှာ မသန်စွမ်းသူတွေကနေပြီး လူ့အခွင့်အရေးအကြောင်း လေ့လာလိုကြောင်း တောင်းဆိုလာတဲ့အတွက် ညီမျှခြင်းမြန်မာအဖွဲ့ကနေပြီး လာမယ့် အစီအစဉ် တွေမှာ   လူ့အခွင့်အရေး ပညာပေး ပို့ချမယ်လို့  ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ညွန်ကြားရေးမှူး  ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီသင်တန်းကို လာမယ့်  မေ ၁၂ ရက်ကနေ ၁၄ ရက် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး မသန်စွမ်းသူတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့သင်တန်းပေးမှုဟာ ဒါပထမဆုံး အကြိမ်ဖြစ် ဖြစ်တယ်လို့ ဆိုပါတယ်။

မသန်စွမ်းအမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌ  ဒေါ်ငယ်ငယ်အေးမောင်ကတော့ သူ့အနေနဲ့ မသန်စွမ်း အမျိုးသမီးကို အဓိက အမျိုးသမီးအခွင့်အရေးကို သင်ကြားပေးတာ ဖြစ်တဲ့အတွက် သာမန် အမျိုးသမီးတွေအနေနဲ့  မသန်စွမ်းအမျိုးသမီးတွေကို မမေ့ထားဖို့လည်း တိုက်တွန်းသွားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

<iframe width="100%" height="166" scrolling="no" frameborder="no" src="https://w.soundcloud.com/player/?url=https%3A//api.soundcloud.com/tracks/146999817&amp;color=ff5500&amp;auto_play=false&amp;hide_related=false&amp;show_artwork=true"></iframe>

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013