DVB Logo
Home
မြန်မာသတင်း
အပူချိန်မြင့်တက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိခိုက်
DVB
·
April 28, 2014
အပူချိန်မြင့်တက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိခိုက်
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အပူချိန်မြင့်တက်ခဲ့မှုကြောင့် ဧရာဝတီတိုင်း တွံတေး၊ မအူပင်၊ ပန်းတနော်မြို့နယ်တွေက ငါးမွေးမြူရေး ကန်တွေမှာ ငါးတွေသေဆုံးခဲ့သလို ကန်ဖော် ရောင်းချတာ များသွားတဲ့အတွက်ကြောင့် ဈေးကျသွားခဲ့တယ်လို့ တွံတေးမြို့နယ် ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းကျော်က ပြောပါတယ်။

DSC00353 copyငါးတွေသေမှာစိုးလို့ ကန်တွေဖော်ရောင်းကြတဲ့ အတွက် ၀ယ်လိုအားထက် ရောင်းလို အား များသွားပြီး ဈေးတွေ ထိုးကျကုန်တယ်လို့လည်း ဦးဝင်းကျော်က ပြောပါတယ်။

ဒါပေမယ့် ဒီနှစ် ငါးတွေသေဆုံးမှုဟာ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးမဟုတ်ဘူး လို့လည်း ရန်ကုန်နဲ့ တွံတေးက ငါးမွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

အပူချိန်ကြောင့် ငါးမွေးမြူရေး လုပ်ငန်းတွေမှာ ထိခိုက်ပေမယ့် ပုစွန်လုပ်ငန်းတွေကတော့ ထိခိုက်တာ သိပ်မရှိဘူးလို့ ပုစွန်သားဖောက်လုပ်ငန်းရှင် ဦးကျော်ထင်က ပြောပါတယ်။

အခုလို အပူချိန်မြင့်တက်ခဲ့ပြီး မိုးရွာမယ်ဆိုရင် ငါးနဲ့ ပုစွန်တွေ အသေအပျောက် များနိုင်တယ်လို့ ငါးပုစွန် မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013