Monday, June 5, 2023
HomeLead Storyမိုးကောင်းမြို့နယ်က အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌတဦးကို စစ်ကောင်စီ ဖမ်းဆီး

မိုးကောင်းမြို့နယ်က အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌတဦးကို စစ်ကောင်စီ ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ နေ့လယ်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီရဲ့ ရပ်ကျေး ဥက္ကဋ္ဌတယောက်ကို စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

ဆားမှော်ကျေးရွာက အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို PDF ကူညီထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် ထက်မနည်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“နေ့လယ် ၂ နာရီခွဲလောက်မှာ လာဖမ်းသွားတာ။ PDF ထောက်ပံ့တယ်။ ဖောက်ခွဲရေးကိစ္စတွေမှာလည်း ပတ်သက်မှုရှိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အထက်အမိန့်ဆိုပြီး လာဖမ်းသွားတယ် မိုးကောင်းရဲစခန်းကို ဖမ်းသွားတယ်လို့တော့ သိထားရတယ်”    လို့ ဦးအောင်ဌေးဦးနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။  

မိုးကောင်းမြို့နယ်က အန်အယ်လ်ဒီအလုပ်အမှုဆောင် ဦးကျော်ထက်ဝင်း၊ ရပ်ကျေးဥက္ကဋ္ဌတွေဖြစ်တဲ့  ဦးညီညီဝင်နဲ့ ဦးဝင်းဦး တို့အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၁၀ ယောက် ထက်မနည်းဟာ စစ်အာဏာသိမ်းအပြီး နောက်ပိုင်းမှာ ဖမ်းဆီးခံထားရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular