
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းထဲမှာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက အသက် ၇၉ နှစ်အရွယ် အဘိုးအိုတစ်ယောက်ရေနစ်သေဆုံးခဲ့တယ်လို့ ဖြူစင်ရင်ခွင်ဖောင်ဒေရှင်းကနေ သိရပါတယ်။
ကင်းချောင်းထဲမှာ လူသေအလောင်းတလောင်းမျောလာတယ်လို့ ပြည်သူတစ်ယောက်က ဖုန်းဆက်ပြီး အကူညီတောင်းတာကြောင့် စက်တင်ဘာလ ၂၄ ရက် ညနေ ၅ နာရီခွဲလောက်မှာ မြို့ပေါ် ပရဟိတ အဖွဲ့တွေ ပူးပေါင်းပြီး သွားရောက် ဆယ်ယူခဲ့တာလို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌကိုဘုန်းမြတ်ရာဇာက ပြောပါတယ်။
ရေနစ်သေဆုံးခဲ့သူကတော့ ပုဏ္ဏားကျွန်းမြို့ မြို့သစ်ရပ်ကွက်က အသက် ၇၉ နှစ်အရွယ် ဦးအောင်စိန်ကျော်ဖြစ်ပြီး သူကိုတော့ ပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပိုဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူ့မိသားစုဝင်တွေပြောပြတာကတော့ စိတ်ရောဂါဝေဒနာရှင်တစ်ယောက်ဖြစ်ပြီး မနက်မိုးလင်းကတည်းက ပျောက်သွားတာဟာ အလောင်းပေါ်တဲ့ အချိန်မှာသာ သေဆုံးတာကို သိရတယ်လို့ ပြောပါတယ်။