DVB Logo
Home
Lead Story
မိကျောင်းကန်သပိတ်စခန်း မြေဖုတ်ဘီးလူး ကျိန်စာ (သတင်းဓာတ်ပုံ)
DVB
·
April 28, 2014
မိကျောင်းကန်သပိတ်စခန်း မြေဖုတ်ဘီးလူး ကျိန်စာ (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးက မိကျောင်းကန်သပိတ်စခန်းမှာ မြေဖုတ် ဘီလူးတွေကို တိုင်တည်ပြီး ကျိန်စာတိုက်ထားပါတယ်။

ရက်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီဖြစ်တဲ့ အဲဒီသပိတ်စခန်းကို မတ် ၃၀ နဲ့ ၃၁ ရက်နေ့ မနက်ပိုင်းတွေမှာ သက်ဆိုင်ရာက ဖြိုဖျက်ခဲ့ပေမယ့် ဆက်ဖွင့်ထားတာ ဖြစ်ပါတယ်။

သူတို့မြေတွေကို မတရားသိမ်းယူခဲ့တဲ့သူတွေကို မြေဖုတ်ဘီလူးတွေဖြစ်အောင် ကျိန်စာတိုက်တာပါလို့ သပိတ်စခန်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်စောစန္ဒာက ပြောပါတယ်။

ကျိန်စာမှာ “ဥပဒေကို လက်တလုံးခြားလုပ်ခဲ့သော အရာရှိများ၊ အဆိုပါပုဂ္ဂိုလ်ကြီးများ မိကျောင်းကန်မြေပေါ်မှာပင် မျိုးရိုးအစဉ်အဆက် ကမ္ဘာတည်သရွေ့ မြေဖုတ်ဘီလူးကြီးများအဖြစ် ဘ၀အဆက်ဆက် မကျွတ်မလွတ်ပဲ ကပ်ရောဂါအပေါင်း ကျရောက်ပြီး အသေဆိုးများဖြင့် သေကျေ ပျက်စီးကြကာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပါန်တွင် လက်တွေ့ ဒုက္ခမျိုးစုံကျရောက်ပြီး ဤမြေပေါ်တွင် သွေးပွက်ပွက်အန်ကြပါစေသား။ တစ္ဆေ၊ သရဲနဲ့ မြေဖုတ်ဘီလူးကြီးများအဖြစ် အဖန်ငါးရာ ငါးကမ္ဘာ မကျွတ်မလွတ်ပဲ ကမ္ဘာတည်သရွေ့ ရှိနေကြပါစေသား။ မြေဖုတ်ဘီလူး၏ ခေါ်ဆောင်ခြင်း ခံရပြီး အသေဆိုးများဖြင့် သေကြပါစေသား ဖြစ်ကြပါစေသား” လို့ ရေးထားတာကို တွေ့ရပါတယ်။

မိကျောင်းကန်သပိတ်စခန်းမှာ ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင်အတွက် မြေကျ သပိတ်သွပ်ခဲ့ပြီး မနေ့ကလည်း ရက်လည်ဆွမ်းသွပ်ခဲ့တယ်လို့ ဒေါ်စောစန္ဒာက ပြောပါတယ်။ (သတင်းဓာတ်ပုံ - ပိုင်စိုး)[gallery ids="55579,55578,55577,55576,55575,55574"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013