Home
မြန်မာသတင်း
မြောက်ဥက္ကလာပမြို့နယ်တွင် ဗုံးတွေ့ပြီးနောက် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
September 23, 2022
308680861_187992967030945_5132717218925886644_n

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ဗုံးတွေ့ရှိအပြီး စစ်ကောင်စီတပ်က ရုံးရှေ့ဖြတ်သွားတဲ့ လူငယ်နှစ်ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

မေဓါဝီလမ်းမကြီးပေါ်မှာရှိတဲ့ ဈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးသုံးလုံး တွေ့ရှိပြီးနောက်မှာ ရုံးရှေ့ကဖြတ်သွားတဲ့ အင်္ကျီအမည်းရောင်ဝတ်ထားသူ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဗုံးသုံးလုံးတွေ့တဲ့အချိန် စစ်တပ်နဲ့ ရဲတွေ စစ်ဆေးနေတုန်း ရုံးရှေ့ကနေ အင်္ကျီအမည်းဝတ်ထားတဲ့ ကောင်လေးနှစ်ယောက် ဖြတ်လျှောက်သွားတယ်။ သူတို့ဘာသာသူတို့ ဖြတ်လျှောက်သွားတာကို စစ်တပ်က ရိုက်နှက်ပြီး ကားပေါ်တင်သွားတယ်။ လူငယ်လေးနှစ်ဦးက ဘယ်သူတွေဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

ဈ ရပ်ကွက်ရုံးရှေ့မှာတွေ့တဲ့ ဗုံးသုံးလုံးကို စစ်ကောင်စီတပ်က စစ်ကားလေးစီးနဲ့ သယ်ဆောင်သွားပြီး ဘောလုံးကွင်းအတွင်း ဖောက်ခွဲခဲ့ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ ဧပြီ ၁၆ ရက်ကလည်း အမှတ် ၉ ရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024