မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုပန်းခြံအနီး ကင်းလှည့်လာတဲ့ စစ်ကောင်စီ ကားတစီးကို စက်တင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကားပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၁၅ ယောက် လိုက်ပါလာပြီး မိုင်း ၂ လုံးခွဲ တိုက်ခဲ့ရာ ၇ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ယောက်မှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးနိုင်ဖွယ် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲ့ဒီဗုံးပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင် ၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပေမဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာတော့ ဒဏ်ရာရသူမရှိဘူးလို့ သတင်းဖြန့်ထားပါတယ်။
မနေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ရတနာပုံတက္ကသိုလ်သွား မီးပွိုင့်အနီးမှာ သေနတ်ထောင်ပစ်ဖောက်ခဲ့ပါတယ်။