
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ရခိုင်အမျိုးသားညီလာခံကို တက်ရောက်ဖို့ ရခိုင်ဗုဒ္ဓဘာသာ သံဃာများ၊ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်အမျိုးသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ပညာရှင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တွေ ကျောက်ဖြူမြို့ကို ရောက်ရှိနေကြပါတယ်။
[caption id="attachment_55563" align="alignright" width="300"]
ရခိုင်အမျိုးသားညီလာခံ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း[/caption]
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ဟာ ကျောက်ဖြူမြို့နယ် ရပ်မိရပ်ဖတွေနဲ့ ဧပြီလ ၂၆ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပြီး အဲဒီဆွေးနွေးပွဲကို သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်း၊ ရှေ့နေဦးသာဘန်း၊ Drအေးလွင်၊ ဒေါ်ခင်စောဝေ၊ ရန်ကုန်မြို့မှ ဆရာဖေမြင့်၊ ဆရာကျော်ဝင်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ရခိုင်အမျိုးသား ညီလာခံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ပဋိပက္ခတွေ ငြိမ်းချမ်းဖို့၊ ဒေသလုံခြုံရေးနဲ့ ငြိမ်းချမ်းဖွံဖြိုးရေး ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ယက်က ပြောပါတယ်။
ဒီညီလာခံကနေတဆင့် ရခိုင်ပြည်သူလူထုရဲ့လိုအပ်ချက်တွေ့၊ လုံခြုံရေးလိုအပ်ချက်တွေ၊ စီးပွားရေး အခြေအနေတွေကို ရှေ့ဆက် အကောင်အထည် ဖော်သွားနိုင်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ယက်က ကိုတင်ထူးအောင်က ပြောပါတယ်။











