DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်ရှိ ခမရ ၅၅၇ ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်
DVB
·
September 21, 2022
ကော့ကရိတ်မြို့နယ်ရှိ ခမရ ၅၅၇ ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်
1 / 23
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ အခြေကုပ်စခန်းတခုဖြစ်တဲ့ ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၈ ရက်ကစတင်ပြီး တပ်စခန်းအတွင်းတပ်စွဲထားတဲ့ ခမရ- ၅၅၇ တပ်ရင်းက တပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ပြီးရိက္ခာဖြတ်တောက်ကာ  KNLA တပ်ရင်း ၁၈၊ ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တွေက စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့သလို MA ကျည်ဘောက် ၁၇ ခု၊ 9 MM ၄၄ တောင့်၊ M16 ကျည်ဘောက် ၄ ခု၊ sinper ကျည်ဘောက် ၃ ခု၊ 60 MM ၁၂ လုံး၊ 73 MM ၁၁ လုံး၊ အီနာဂါ ၁ လုံး၊ 40 MM ၁၀ လုံး၊ BA109 လက်ပစ်ဗုံး ၂ လုံး၊ 73 ယမ်းတောင့် -၅ တောင့်၊ စက်လက်ကျည် ၂၂၉ တောင့်၊ AKကျည်ဘောက်ဝိုင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၃ လုံး၊ 5.56 ကပစကျည်  ၂၂၂၃ တောင့်၊ စိန်ပြောင်းချိန်သီး ၁ ခု၊ MA 5 ကျည် ၂ တောင့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါအပြင် RPG ၂ လက်၊ BA 100 စိန်ပြောင်း ၁ လက်၊ ငါးကြင်းမြီးစက်လက် ၁ လက်၊ ပြောင်းပို ၁ ခု၊ AK ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ MA4.MAK ပူးတွဲ ၁ လက်၊ MA1 ၂ လက်၊ MA3 ၂ လက်၊ MA5 ၂ လက်၊ MG3 ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူကထုတ်ပြန်ထားပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေတွေအတွင်း တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို စစ်ကောင်စီက တဖက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး တိုင်းရင်းသားဒေသတွေကို စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013