Home
မြန်မာသတင်း
ကေအန်ယူ တပ်မဟာ ၆ နယ်မြေတွင်တိုက်ပွဲဖြစ်၊ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
DVB
·
September 21, 2022

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေထဲမှာ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ လက်ဖြောင့်စနိုက်ပါစစ်သည်တွေရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်သေဆုံးခဲ့တယ်လို့  ကော်ဘရာစစ်ကြောင်းက  သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ ၆ နယ်မြေ၊ တောင်နီကျေးရွာအနီး တောင်ကုန်းတခုကို ကျူးကျော်အခြေပြုဖို့ ကြိုးစား‌နေတဲ့ စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ (၃)၊ ခမရ(၉)၊ ခမရ(၁၀၄) တပ်တွေကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းရဲ့ တပ်ခွဲ (၂) တို့ ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်မြေပြင်သတင်း အတည်ပြုချက်အရ စစ်ကောင်စီဘက်က နှစ်ယောက်သေဆုံးခဲ့ပေမဲ့ KNLA ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ကော်ဘရာစစ်ကြောင်း သတင်းထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ  စစ်ကောင်စီအခြေချ ကြိတ်တပ်စခန်းကို KNLA တပ်မဟာ ၆ တပ်ရင်း ၁၈ နဲ့ ပူးပေါင်းတပ်တွေက  မနေ့ညနေ ၃ နာရီလောက်မှာ စခန်းသိမ်းနိုင်ခဲ့တယ်လို့  PDF တာဝန်ရှိတဦးကပြောပါတယ်။

ကြိတ်စခန်းဟာ စစ်ကောင်စီတပ်တွေ ကာလရှည်ကြာ စခန်းချထားတဲ့နေရာဖြစ်ပြီး အဆိုပါ စခန်းမှာ စစ်ကောင်စီတပ်သား အယောက် ၄၀ လောက် အခြေချနေထိုင်တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရာက ထွက်ပြေးတာတွေရှိပြီး  စခန်းတွင်းကနေ RPG ၂ လက်၊ စက်လတ် ၂  လက်နဲ့ လက်နက်ကျည်ဆန်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

Photo- Cobra

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024