Exim bank မော်လမြိုင်-ရေး-မြိတ်-ထားဝယ်-ကော့သောင်း ကားလမ်းဖောက်ရေး ဆွေးနွေး
DVB
·
April 25, 2014
မြန်မာနိုင်ငံကို ချေးငွေတွေ ထုတ်ချေးထားပေးတဲ့ တရုတ်နိုင်ငံ Eximbank ဟာ မွန်ပြည်နယ် မော်လမြိုင် - ရေး - မြိတ် - ထားဝယ်နဲ့ ကော့သောင်း ကားလမ်း ဖောက်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ၀န်ကြီးရုံး တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။
အရင် စစ်အစိုးရလက်ထက် က ဖောက်လုပ်ထား တဲ့ ရေး-မြိတ်-ထားဝယ်နဲ့ ကော့သောင်း ကားလမ်းဟာ လမ်းကြမ်းသာသာ ဖြစ်ပြီး မကြာခဏ မြေပြိုတာနဲ့ တံတားကျိုးတာ ဖြစ်ပေါ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။
ပုဂ္ဂလိက ကားလိုင်းတွေဟာလည်း ရန်ကုန်ကနေ မော်လမြိုင်-ရေး-ထားဝယ်-မြိတ် အထိပဲ ပြေးဆွဲနိုင်ပြီး ထိုင်းနယ်စပ် ကော့သောင်းအထိ ပြေးဆွဲနိုင်ခြင်း မရှိသေးပါဘူး။
တရုတ်ကုမ္ပဏီတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မြန်မာတရုတ်နယ်စပ် မူဆယ်၊ ရွှေလီ အထိ ဘက်စုံလမ်းမကြီးတခု ဖောက်ဖို့ အစိုးရဆီ ကမ်းလှမ်းထားပေမယ့် တိကျတဲ့ သဘောတူညီချက်တော့ မရကြသေးပါဘူး။