Home
မြန်မာသတင်း
မကွေးမြို့ ဧရာဝတီမြစ်အတွင်း ကလေး ၂ ဦး ရေထဲမျောပါ၊ ၁ ဦး ပျောက်ဆုံးနေ
DVB
·
September 16, 2022

မကွေးမြို့ ဧရာဝတီမြစ်အတွင်းမှာ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ကလေးနှစ်ယောက် ရေနစ်မြုပ်ပြီး တယောက် ရေထဲမျောပါသွားခဲ့တယ်လို့ ခေမာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ ဦးဆောင်သူ ကိုပိုင်က ဒီဗွီဘီကို ပြောပါတယ်။

မကွေးမြို့ အောင်မေတ္တာရပ်ကွက် ၁၄ လမ်း ဧရာဝတီမြစ်ကမ်းဘေးမှာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၁၀ နာရီကျော်လောက်က ယောကျ်ားလေးတယောက်နဲ့ မိန်းကလေးတယောက် ရေချိုးဆင်းရာ ရေထဲမျောပါသွားလို့ မိန်းလေးတယောက်သာ အသက်ရှင်လျက် ပြန်လည် ဆယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က ပလတ်စတစ်ကောက်ရင်းနဲ့ ဧရာဝတီမြစ်ထဲမှာ ရေဆင်းချိုးကြတာပါ။ သုံးယောက်မှာ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကတော့ ရေချိုးပြီး ကမ်းနားမှာထိုင်နေတဲ့အချိန် အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ယောက်နဲ့ ၁၃ နှစ်အရွယ် ၂ ယောက် ရေထဲမျောပါသွားလို့ လိုက်လံဆယ်ယူရာ မိန်းကလေးတယောက်သာ အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့တာ။ ကျနော်တို့က သတင်းကြားကြားချင်း လိုက်လံရှာဖွေသေးတယ်၊ ဘယ်လိုမှရှာမတွေ့ခဲ့ဘူး။ အခုလက်ရှိတော့ မီးသတ်တပ်ဖွဲ့ရယ်၊ ကျနော်တို့ ခေမာလူမှုကယ်ဆယ်ရေးအသင်းနဲ့ တခြားပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ပိုက်စိတ်တိုက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်နေကြတယ်။”

မိုးရာသီကာလမှာ ဧရာဝတီမြစ်ရေ မြင့်တက်လေ့ရှိတာကြောင့် ရေဆင်းချိုးတဲ့ပြည်သူတွေ နှစ်စဥ်လိုလို ရေစီးနဲ့ မျောပါ သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024