
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဆုံဆည်းမြိုင်နဲ့ သေ့ဘောဘိုးရွာအကြားမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၁၅ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး ရွာသား ထောင်ချီ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်က သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး KNLA ပူးပေါင်းတပ်ကလည်း ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ခိုက်တဲ့ အနေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့ KNLA တပ်ဖွဲ့ထံကသိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သေ့ဘောဘိုးကျေးရွာက နေအိမ်တွေကို လက်နက်ကြီးထိမှန်ခဲ့ပြီး ရွာသားတွေဟာလည်း ရွာမှာမနေရဲကြလို့ လူဦးရေ ၁၀၀၀ လောက် ထိုင်းနိုင်ငံ မော်လီးချိုင်းကျေးရွာသို့ ယာယီထွက်ပြေး ခိုလှုံနေကြရပါတယ်။
စက်တင်ဘာ ၁၅ ရက်ကလည်း စစ်ကောင်စီတပ်တွေအခြေစိုက်ထားတဲ့ ဆုံဆည်းမြိုင်တောင်နီးစခန်းအနီးကို KNLAပူးပေါင်းတပ်တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ထမင်းချက် တယောက်သေဆုံးပြီး အကူအညီပေးနေသူ ၂ ယောက် ဒဏ်ရာရ သွားတယ်လို့ KNLA တပ်နဲ့ နီးစပ်သူကပြောပါတယ်။