ထီးလင်းတွင် NUG အစိုးရနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြ (ဓာတ်ပုံ)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြ သပိတ်စစ်ကြောင်းကို လူဦးရေ ၂,၀၀၀ ကျော် ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ထီးလင်း-PDF (YRPA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို ထီးလင်းမြို့နယ် ပ.အ.ဖ၊ ပ.က.ဖ နဲ့ ပ.လ.ဖ အဖွဲ့တွေက ဦးဆောင်ပြီး မနေ့ မနက် ၈ နာရီကျော်လောက်မှာ လူဦးရေ ၂,၅၃၇ ယောက်နဲ့ NUG အစိုးရကိုထောက်ခံပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပေးဖို့ ချီတက်ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေးကို အားစိုက်နေကြရလို့ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြသပိတ်တွေ မလုပ်ဖြစ်ခဲ့တာဟာ ၂၀၂၁ ခုနှစ် ဧပြီလကတည်းကဖြစ်ပြီး အခုမှသာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို တညီတညွတ်တည်း ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဆန္ဒပြပြည်သူလူထုတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်အောင် ထီးလင်း-PDF က တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပ.လ.ဖ တို့က လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဗိုလ်သူလင်းကျော်က ပြောပါတယ်။

မကွေးတိုင်းအတွင်းက မြိုင်မြို့နယ်နဲ့ ဆောမြို့နယ်တွေမှာလည်း စက်တင်ဘာ ၁၄ ရက်က NUG နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကာ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up