အမေရိကန်ကြည်းတပ် စစ်ရေးလေ့ကျင့်ရန် ပိုလန်ကို ရောက်ရှိ

တချိန်တည်းမှာပဲ အီးယူ လေကြောင်းနယ်နိမိတ် အနား ရုရှားစစ်လေယာဉ်တွေရဲ့ ပျံသန်းမှုတွေ ကို ထောက်လှမ်းတွေ့ ရှိခဲ့တာကြောင့် ဗြိတိန်၊ နယ်သာလန်နဲ့ ဒိန်းမတ် တိုက်လေယာဉ်တွေဟာ အီးယူလေကြောင်းပိုင်နက်အတွင်း ကင်းလှည့်ပျံသန်းမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ပိုလန်နိုင်ငံခြားရေးဝန်ကြီး၊ အီးယူမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေရဲ့ ဒုတိယတပ်မှူးကြီးနဲ့ ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့ တက်ရောက်ခဲ့ကြပြီး အမေရိကန်နဲ့ ပိုလန်နိုင်ငံတို့ရဲ့ ခိုင်မြဲတဲ့ မဟာမိတ်ကို အပြန်အလှန် အသိအမှတ်ပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၁ ပတ်က ရရှိခဲ့တဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သဘောတူညီမှုကို ရုရှားနိုင်ငံက ချိုးဖောက်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက စွပ်စွဲပြောဆိုချိန်မှာ ရုရှားလူမျိုးတွေရဲ့ အကျိုးစီးပွားကို တိုက်ခိုက်လာရင် ဘယ်နေရာမှာမဆို လက်တုံ့ပြန်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလားဗရော့က ပြောဆိုပါတယ်။