စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ နှင့် အလ္လကပ္ပကျေးရွာ ကြားမှာ ဒီနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီကျော်က မုံရွာ ကနေ စစ်ကိုင်းဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်သားအပြည့်ပါ ကွန်တိန်နာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ ကွန်တိန်နာ ၄ စီးနဲ့ မုံရွာ နမခ ကနေ စစ်ကိုင်းဘက်ကို သွားတာဖြစ်ပြီး ၂ စီးမြောက်ကို ပဒေသာမိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကို People's Army To Fight Dictatorship (PAFD).တပ်ခွဲDK PDF(MMU)၊ People's knight Defense Force Myinmu (PKDF-MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့တို့ စုပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သား အသေအပျောက်ရှိနိုင်တယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်များက အပြင်းအထန် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြင်းမူမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လှည့်ပတ်နေတယ်လို့ သိရပါတယ်။