Home
မြန်မာသတင်း
ကရင်နီတပ်ရင်း ၁၀ ခုအတွက် ကျည်ဆန်တစ်သောင်းကမ်ပိန်းမှ ၇၀ ရာခိုင်နှုန်းကျော် ရရှိထား
DVB
·
September 12, 2022

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၀ ခုကို ထောက်ပို့နိုင်ဖို့ “အားလုံးစုပေါင်း ကျည်တစ်သောင်း” ကမ်ပိန်းမှာ အားလုံးပါဝင်လှူဒါန်းနိုင်ကြဖို့ ဖိတ်ခေါ် ထားပြီး ၁၂ ရက်အတွင်း ရာခိုင်နှုန်း ၇၀ ပြည့်မီထားကာ လျာထားချက် Target ပြည့်မီဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

“ကျည်တစ်သောင်း Campaign က ပြည်တွင်း ပြည်ပ အင်အားတွေကြောင့် Target ပြည့်ဖို့ နီးစပ်နေပါပြီ.. ကျည်တောင့် ၃၀၀၀ ခန့်ပဲ လိုပါတော့တယ်ဗျ။ ကရင်နီက တိုက်ပွဲသတင်းတွေ ကြားကြမယ် ထင်ပါတယ်။ ရဲဘော်တွေအတွက် ကျည်ဖိုး မြန်မြန်ပြည့်အောင် ဝိုင်းကူပေးကြပါ ခင်ဗျာ။ ပြည်ပက ထောက်ပို့အင်အားတွေ တက်လာလို့လည်း ဝမ်းသာရပါတယ်။ ဒုတိယပုံမှာ ကြည့်နိုင်ပါတယ်ဗျ။ နောက်ပြီး ကျနော်တို့ဆီမှာ UAE Account လည်း ထပ်တိုးထားပါတယ်နော်.. Dubai က သူငယ်ချင်းတွေရှိရင် ဒီမှာ တိုက်ရိုက်ကျည်ဖြည့်ကူနိုင်ကြောင်း ပြောပြပေးပါဦးခင်ဗျာ။”

ဒီကမ်ပိန်းကိုတော့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ၊ ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြုလုပ်တာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်း ကရင်နီဒေသမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး ပွဲကြာလာတာနဲ့အမျှ ကျည်တွေ လိုအပ်လာတာကြောင့် အားလုံးစုပေါင်းပြီး ကျည်တစ်သောင်းရှာမယ့် ကမ်ပိန်းကို စတင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၉ ရက်ကနေ မနက်ဖြန်စက်တင်ဘာ ၁၃ ရက်အထိ ပြုလုပ်မယ့် ကမ်ပိန်းမှာတော့ ကျည် ၁ တောင့်ကို မြန်မာငွေကျပ် ၆၀၀၀ နှုန်းနဲ့ မိမိတို့စိတ်ကြိုက် ကျည်အရေအတွက်တွေကို ကျည်တစ် သောင်းပြည့်တဲ့အထိ ပါဝင်ထောက်ပံ့နိုင်မှာဖြစ်ကာ  KNDF B-01, B-02, B-05, B-06, B-09, B-10, B-16, KA(Commando), DMO PDF တပ်ရင်း A နဲ့ C တပ်ဖွဲ့ ၁၀ ခုဆီ ခွဲဝေထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကမ်ပိန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဆိုတော် ချစ်သုဝေနဲ့ ခင်ပွန်းဖြစ်သူ လင်းလင်းတို့ ဇနီးမောင်နှံတို့ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ တော်လှန်ရေး စ-မှတ် ရုပ်ရှင်ကလည်း တော်လှန်ငွေ ပူးပေါင်းပါဝင်မှုအနေနဲ့  ဘတ် ငွေ ၅ သောင်း ပါဝင်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

ပြည်တွင်းက ထောက်ပို့ကူညီလိုသူတွေအနေနဲ့ Kpay, Wave, NUGPay တို့နဲ့ ပါဝင်နိုင်မှာ ဖြစ်သလို ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ မလေးရှား၊ ဩစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ယူကေနဲ့ အီးယူနိုင်ငံတွေ အသီးသီးကလည်း အမေရိကန်ဒေါ်လာ ၆ ဒေါ်လာနဲ့ညီမျှတဲ့ ငွေကြေးအသီးသီးနဲ့ တိုက်ရိုက် ဘဏ်အကောင့်တွေနဲ့ ပါဝင်ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် တခြားနိုင်ငံတွေကလည်း PayPal, Payoneer, Crypto တို့နဲ့လည်း ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

ကျည်ဖိုး ပါဝင်ထောက်ပံ့ရန်—

Messenger ➡️ http://m.me/universityofmedicine2.studentcommitte.ec 

Telegram ➡️  https://t.me/um2sc 

တို့ကို ဆက်သွယ်နိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024