
မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်ညပိုင်းက မော်တော်ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် လူ ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။
တောင်ဇင်းကျေးရွာအုပ်စု၊ တောင်ရွာကျေးရွာနားက ဗျတ္တပန်းဆက်လမ်းပေါ် မိုင်တိုင် ၇ မှာ မနေ့ည ၈ နာရီ ၄၅ မိနစ်လောက်က Daihatus နဲ့ Hiace ကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတဦးက "ကား နှစ်စီးပေါ်က လူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၃ ဦး စိုးရိမ်ရတယ်။ ဒဏ်ရာရသူတွေကို ညောင်ဦး ဆေးရုံပို့ထားတယ်" လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က စိုးရိမ်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
photo MSDF