Home
မြန်မာသတင်း
ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီး
DVB
·
September 9, 2022
305318377_5339622799419328_805996295121961324_n

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှာ စက်တင်ဘာ ၈ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီတပ်သားတွေက အရပ်သား ၃ ယောက်ကို  နေအိမ်တွေမှာ လာရောက်ဖမ်းဆီးကာ အမှတ် ၃၄ တပ်တွင်းကို ခေါ်ယူစစ်ဆေးနေပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ကိုမောင်ဝင်းနိုင်၊ ကိုဆလှိုင်းကိုအေး(ခ)ကစိ၊ ကိုဘသန်းတို့ဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေမပါဝင်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးသွားတာလို့  ဖမ်းဆီးခံမိသားစုဝင်တွေ တဦးက ပြောပါတယ်။

“မောင်ဝင်းနိုင်ရဲ့ နေအိမ်ကိုတော့ ည ၁ နာရီဝန်းကျင်မှာ စစ်သားတွေ ရောက်လာတယ်။ ပြီးတော့ စစ်ဆေးစရာရှိလို့ ရဲစခန်းကို ခဏခေါ်သွားမယ်ဆိုပြီး ခေါ်သွားတာ။ သူ့အဖေက ဘာလုပ်မှာလဲ မေးတော့ စစ်ဆေးစရာရှိလို့ ပြီးရင်ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောခဲ့တယ်။ လာဖမ်းတုန်းကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ နယ်ထိန်းရဲ တယောက်တော့ ပါတယ်လို့ ပြောတယ်။ နောက်နေ့ ရဲစခန်းသွားမေးကြည့်တော့ မရောက်ဘူးလို့ ပြောတယ်။ စုံစမ်းကြည့်တော့ ၃၄ စစ်တပ်ထဲကို ရောက်နေတယ်လို့ သိရတယ်။ ဘာမှ အပြစ်လုပ်ထားတာ မရှိတဲ့အတွက် အမြန် ပြန်လွှတ်ပေးစေချင်တယ်။” 

ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား အပြန်အလှန်ဖမ်းဆီးမှုတွေရှိလာနေကာ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အရပ်သားပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေနဲ့ ပြည်သူတွေသွားလာနေတဲ့လမ်းတွေကို ပိတ်ဆို့ထားတွေကို လုပ်ဆောင်လာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024