Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံသား ၁ ဦး စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ
DVB
·
September 8, 2022

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ အန်ဗာ့ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ထဲကို မီဇိုရမ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ ဝင်ရောက်ရှာဖွေရာ မြန်မာနိုင်ငံသား ဦးလန်ဒီကာဆီကနေ ကာလတန်ဖိုး ရူပီး သိန်း ၉၅၀ လောက် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ဖက်ရည်ဆိုင်ထဲကို ဝင်‌ရောက်ဖွေရာကနေ ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ထုပ် တွေ့ရှိခဲ့တာဖြစ်ပြီး တထုပ်ကို ဆေးပြားအလုံး ၁၀,၀၀၀ ပါရှိတယ်လို့ ဆိုပါတယ်။

မီဇိုရမ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ “စိတ်ကြွရူးသွပ်ဆေးပြားတွေ ရှာဖွေတွေ့ရှိလို့ မြန်မာနိုင်ငံသား ဦးလန်ဒီကာနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒေသခံအိန္ဒိယနိုင်ငံသား ဦးလားဒင်ဆန်းငါ ကိုပါ ဖမ်းဆီးခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်ထဲကို မူးယစ်ဆေးဝါး သယ်ယူရောင်းချတာ မလုပ်ကြဖို့ ချင်းလူမှုရေး အသင်းချုပ်က လွန်ခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ခဲ့ပါတယ်။

Zoland-PDF အဖွဲ့ကလည်း မြန်မာပြည်ဘက်ကနေ အိန္ဒိယပြည်နယ် မီဇိုရမ်ပြည်နယ်ဘက် မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ပြန် သတိပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024