Home
မြန်မာသတင်း
ထိုင်းပင်လယ်ထဲ တွန်းချခံရသည့် ရိုဟင်ဂျာ ၁၀ ဦးနှင့် ကျွန်းပေါ်သောင်တင်နေသူ ၄၁ ဦးကို ကယ်တင်
DVB
·
September 6, 2022
0kgrU7bjwk3B9fEdjkl2
EdKwpDfgXy4ZsUYX7NfE

ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ပင်လယ်ထဲတွန်းချခံရတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးနဲ့ ကျွန်းပေါ်သောင်တင်နေတဲ့ ၄၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေ ကူညီကယ်ဆယ်ထားတယ်လို့  The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက် ၆ နာရီလောက်က ထိုင်းပင်လယ်ပြင် ပူးလွန်း ကျွန်းစုအနီးမှာ လူတစုရေထဲကူးခတ်ပြီး အကူအညီလှမ်းတောင်းနေတာကို တံငါသည် ရွာသားတွေက တွေ့ရှိတာကြောင့် ကနဦးကယ်တင်ပြီး လငူးမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ လငူးနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူးက  ပြောပါတယ်။ 

တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ ရွာသားတွေက သူတို့ကို လဲမ်တေ့ပန်ကျွန်းစု အငူနားမှာ လာထားထားကြောင်း၊  ရေနစ်သူ ၁၀ ဦးရှိပြီး အားလုံးမှာ ရေထဲအတန်ကြာ ကူးခတ်ထားရတာကြောင့် ပင်ပန်နွမ်းနယ်နေတာကြောင့် အနွေးဓာတ်ရအောင် မီးဖိုထားပေးတယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် တာဝန်ရှိသူက သူတို့ကို ကမ်းပေါ် ခေါ်တင်ခဲ့ကြောင်း၊ ဘာသာပြန်နဲ့ မေးမြန်းကြည့်ရာမှာ သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေလာပြီး အင်ဒိုနီ်ရှားနိုင်ငံကို သွားဖို့ဖြစ်ကြောင်း၊ လမ်းခုလတ်မှာ သူတို့စီးလာတဲ့လှေပေါ်မှာ လူတအားများပြီး လှိုင်းလုံးကြီး တက်လာတဲ့အချိန်မှာ လှေပေါ်ကနေ တွန်းချခံရတာလို့ ဆိုပါတယ်။ 

ဆဒွန်းရေကြောင်းလုံခြုံရေးအဖွဲ့တွေက ဆက်လက်ပြီး အနီးနားတဝိုက် လိုက်လံစစ်ဆေးရာမှာ ကနေ့မွန်ေလွဲပိုင်းမှာတော့ ထုန့်ဝါမြို့နယ် ကော်ကလွေ့ကျွန်းပေါ်မှာ နောက်ထပ် ရိုဟင်ဂျာ ၄၁ ဦး တို့ကို တွေ့ရှိတယ်လို့  သနေရှင်း နောက်ဆက်တွဲသတင်းမှာ ဖော်ပြပါတယ်။ 

၄၁ ဦးမှာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၂ ဦးတို့ပါဝင်ပြီး သူတို့အားလုံးဟာ နွမ်းနယ်ပျော့ခွေဆာလောင်နေကြလို့ ကမ်းပေါ်ခေါ်လာပြီး လူသားချင်းစာနာ မှုကူညီပေးထားတယ်လို့  ဆိုပါတယ်။ 

အခုထပ်တွေ့တဲ့ ၄၁ ဦးနဲ့ မနက်ကတွေ့တဲ့ ၁၀ ဦးတို့ဟာ တဖွဲ့တည်းဟုတ်၊ မဟုတ်၊ လူကုန်ကူးခံရသူတွေ ဟုတ်၊ မဟုတ်ကို  စစ်ဆေးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024