
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာကို စက်တင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီလောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က လက်နက်ကြီးနဲ့ ရွာထဲကို ပစ်ခတ်ဝင်လာတယ်။ သူတို့ပစ်လိုက်တဲ့ လက်ကြီးကျည်ကျပြီး မနှင်း၊ မသင်း၊ မသေးသေးကျည်ထိမှန်ခဲ့တယ်ဗျ။ မသင်းကတော့ အသက် ၅၀ ခန့်ကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတယ်ဗျ။ နှစ်ဦးကတော့ ဆေးရုံတင်ထားရတယ်။ အဲနှစ်ဦးထဲကလည်း မသေးသေးက ခြေထောက်ဖြတ်ရမယ်ကြားတယ်” လို့ မောင်းထောင်ရွာ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မောင်းထောင်ရွာကိုဝင်လာပြီး မီးရှို့တာကြောင့် နေအိမ် ၂၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဘုတလင် တိုင်းဒေသကြီးအမတ် ဦးအောင်ကျော်က ပြောပါတယ်။
“ကျနော်က တိုင်းဒေသကြီး လွှတ်တော်အမတ်ရွာဆိုတာ သိလို့ အခုလို လာရှို့တာ ဖြစ်နိုင်တယ်ဗျ။ အခုရှို့တာလည်း ကျနော့်အိမ်ကို အရင်ရှို့တယ်ဗျ။ ပြီးတော့ ကျနော့်ယောက္ခမအိမ်ကိုရှို့တယ်။ အခုကျနေ့ာ်ရွာကို မီးရှို့တာဟာ အိမ်ခြေ ၂၀ လောက် မီးလောင်တယ်။”
စစ်ကောင်စီတပ် မီးရှို့တာကြောင့် သူ့ရဲ့ နေအိမ် ၂ လုံး၊ နွားစာတိုက် ၁ လုံး၊ မြေပဲတင်း ၁၀၀၊ စပါးနဲ့ လယ်ယာသုံးပစ္စည်းနဲ့ အခြားပရိဘောကများစွာဆုံးရှုံးပြီး မိသားစုကတော့ ထွက်ပြေးနေရတယ်လို့ ဦးအောင်ကျော်က ဆိုပါတယ်။