Home
မြန်မာသတင်း
စစ်တွေတွင် ရဲက ပစ်သတ်သဖြင့် လူငယ် ၁ ဦးသေဆုံး
DVB
·
September 4, 2022
301856834_845757739923453_1607342311541484302_n

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တက္ကသိုလ်အနီးရှိ အမှတ် ၃၆ ရဲတပ်ရင်းရှေ့မှာ စက်တင်ဘာ ၄ ရက်မနက်က ရဲကပစ်သတ်တာကြောင့် လူငယ်တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်မှာ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာက အသက် ၂၀ အရွယ် ကိုဇောမိရဟူးဆောင်ဖြစ်ပြီး ဒါးပိုင်ကျေးရွာက စစ်တွေမြို့ ဘုမေရပ်ကွက်သို့လာစဥ်မှာ အမှတ် ၃၆ ရဲတပ်ရင်းက ပစ်ခတ်တာကြောင့် သေဆုံးသွားတာလို့ ဒေသခံတဦးကပြောပါတယ်။

“ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ကိုဇောမိရဟူးဆောင်နဲ့ နောက်တ ဒါးပိုင်ကနေ ဘုမေကိုလာကြပါ။ အဲဒီလမ်း စစ်တွေ တက္ကသိုလ်အနီးမှာ ၃၆ ရဲတပ်ရင်းက မွတ်ဆလင်တွေကို ကိုဗစ်ကတ်တွေ စစ်ဆေးတာတွေရှိတယ်။ သူတို့က အဲဒီမှာလည်း ကတ်တွေက အစစ်ဆေးခံခဲ့ကြတယ်။ အဲဒီ အသတ်ခံလိုက်ရတဲ့ ကိုဇောမိရဟူးဆောင်က ရခိုင်စကား သိပ်မပြောတက်တော့ တာဝန်ကျတဲ့ ရဲက မျက်နှာကို သေနတ်နဲ့ချိန်းပြီးပစ်လိုက်တာလို့သိရတယ်။ ဘာကြောင့် ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ နောက်တယောက်ကိုလည်း အဲဒီ ၃၆ ရဲတပ်ရင်းမှာပဲ ဖမ်းထားတယ်လို့ သိရတယ်။” 

သေဆုံးသွားတဲ့ ကိုဇောမိရဟူးဆောင်ရဲ့ ရုပ်အလောင်းကို ရဲကားနဲ့ ယူဆောင်ကာ စစ်တွေဆေးရုံးကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေအကြား တိုက်ပွဲပြင်းထန်လာတာကြောင့် စစ်ကောင်စီက လုံခြုံရေးဂိတ်တွေ တိုးချဲဖွင့်လှစ်ကာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024