Home
မြန်မာသတင်း
ကချင်ပြည်နယ်က စစ်ပြေး ကလေးများ မြေမြှုပ်မိုင်းဒဏ် သင့်နိုင်
DVB
·
April 22, 2014
ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားအတွက် မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ Land Mine copyကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ ယူနီဆက် (မြန်မာ)က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် တာဖြစ်ပြီး ကလေးသူငယ်တွေကို မိုင်းအန္တရာယ်ကင်းရှင်းစေဖို့၊ ကလေးစစ်သား စုဆောင်မှုကနေ တားဆီးဖို့နဲ့ ငြိမ်းချမ်းရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဟာ မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းထောင်မှု အများဆုံး ဒေသများဖြစ်ပြီး ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွက်လည်း ၂ ဘက်စလုံးက မြေမြုပ်မိုင်းကို အသုံးပြုနေတဲ့ အတွက် ကျန်နေတဲ့ မြေမြှပ်မိုင်းတွေဟာ ကလေးသူငယ်များ အပါ အ၀င် ဘေးအန္တရာယ်သင့်နေတဲ့ ဒေသခံပြည်သူများကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။ “မြေမြှုပ်မိုင်းဟာ မြန်မာအတွက် အရေးပါတဲ့ ကိစ္စရပ်တခုဖြစ်နေပါတယ်။ မြေမြှုပ်မိုင်းကြောင့် မြန်မာဟာ ကမ္ဘာမှာ ထိခိုက်ခံစားရဆုံး တိုင်းပြည်တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်တွေ မတိုင်ခင်က ကျနော်တို့၊ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက မြေမြှုပ်မိုင်းဟာ နယ်စပ်တွေမှာ အဟန့်အတားဖြစ်နေသလို လူတွေကလည်း သူတို့နေရပ်ကို ပြန်ဖို့ အတွက် တားမြစ်ထားတယ်ဆိုတာကို သိနေပါတယ်” လို့ ယူနီဆက် မြန်မာပြည်ဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန် ဗိန်းဘဲ (လ်) က ပြောပါတယ်။ ပြောပါတယ်။ ကချင်ပြည်နယ်တောင်ပိုင်း မံဝိန်းကြီးဒေသမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကလေးသူငယ် ၁၀၀၀ နီးပါးအပါအ၀င် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ယာယီရွှေ့ပြောင်းနေထိုင်တဲ့ နေရာတွေကနေ ထပ်မံရွှေ့ပြောင်းရတယ်လို့ ဧပြီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ လတ်တလောမှာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားပေမယ့် ကလေးသူငယ်တွေ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေက ကွယ်ပျောက်သွားမှာ မဟုတ်သလို အသုံးပြုလိုက်တဲ့ မြေမြုပ်မိုင်းရဲ့ ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတာကြောင့်ရော လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တပ်သား အဖြစ် အသုံးပြုခေါ်ယူစုဆောင်းခံရတာတွေကြောင့် ဖြစ်တယ်လို့လည်း သူက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒေသခံပြည်သူအတော်များများ ဒုတိယ၊ တတိယအကြိမ်အဖြစ် လမ်းပေါ်မှာ နေထိုင်ခဲ့ရတာ တနှစ်ကျော်ပြီ ဖြစ်သလို အရင်ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားမှု အရှိန်လျော့ကျသွားပေမယ့် အခြေအနေက ဆက်တင်းမာနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲသစ်တွေဖြစ်ပွားမှုနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ မိသားစုဝင်တွေ ရွှေ့ပြောင်းနေထိုင်မှု ကြောင့် စိတ်ချရတဲ့ ရေကောင်းရေသန့်နဲ့ အိမ်သာရရှိမှုလျော့ကျသွားတဲ့အတွက် ကလေးတွေအပေါ် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ် ကျရောက်မှုတွေ မြင့်တက်နေပါတယ်လို့ သူက ပြောပါတယ်။ အကူအညီအထောက်အပံ့များပေးဖို့ လူသူပစ္စည်းများ စုစည်းနေပြီဖြစ်ပေမယ့် စစ်ပွဲဒဏ်သင့် ပြည်သူများ အထူးသဖြင့် ကလေးသူငယ်များထံသို့ အကူ အညီများရောက်ရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ မြေမြှုပ်မိုင်းတွေကြောင့် လူသားခြင်း စာနာထောက်ထားရေး အကူအညီတွေ ဖြန့်ဝေရာမှာလည်း အဟန့်အတားတွေ ဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေထောင်နဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်နေရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024