
ပဲခူးတိုင်း၊ မုန်းဒေသ ကေအန်ယူ တပ်မဟာ ၃ တပ်ရင်း ၈ နယ်မြေ ကရင်ရေလဲနဲ့ ရွာကြီးအင်းကြားမှာ စက်တင်ဘာ ၂ ရက် ညနေ ၃ နာရီခွဲလောက်က KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၁၀ နာရီလောက်မှာလည်း ကျောက်ကြီးမြို့ကနေ ဗောဓိကုန်းဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
တပ်ရင်း ၈ နယ်မြေမှာ ဇူလိုင်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
သြဂုတ် ၃၀ ရက်ကလည်း တပ်မဟာ ၃ တပ်ရင်း ၇ နယ်မြေမှာ KNLA က စစ်ကောင်စီစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးစ ထိမှန်လို့ အသက် ၃ နှစ် နဲ့ ၁၀ နှစ်အရွယ် ကလေး ၂ ယောက် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။