Home
မြန်မာသတင်း
၂ လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးဟု CNDFထုတ်ပြန်
DVB
·
September 2, 2022
301520115_599002428535097_6427216481265673107_n
301996967_599002318535108_9078533936083031264_n

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ချင်းအမျိုးသားကာကွယ်ရေးချုပ်တပ်ဖွဲ့(CNDF)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ၂ လကြာတိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ် နှစ်လတွင်း စစ်ကောင်စီတပ်နဲ့ CNDFပူး‌ပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ၁၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၁၃၃ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကတော့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ်က ဆိုပါတယ်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့်  စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲမကြာခဏဖြစ်နေပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024