Home
မြန်မာသတင်း
ကချင် ရွာသူရွာသားများ ကစဥ့်ကလျား ဖြစ်နေ
DVB
·
April 21, 2014

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲရဲ့ ဒဏ်ကို ခံစားနေရတဲ့ ရွာသူရွာသားတွေဟာ အခြေအနေ မတည်ငြိမ်တဲ့အတွက် ဒုက္ခသည် စခန်းတွေမှာ သွားရောက်ခိုလှုံလိုက် ရွာကို ပြန်လည်နေထိုင်လိုက်နဲ့ ကစဥ့်ကလျားဖြစ်နေတယ်လို့ အကူအညီ ပေးရေး အဖွဲ့တွေက ပြောပါတယ်။

Kachin copy၀မ်ပေါင်နိမ်းထွဲ့ အဖွဲ့က တာဝန်ခံ ဒေါ်မေရီတွမ်က ရာသီဥတုက ပူပြင်းလာသလို ရေက မရှိတဲ့ အတွက် ရေဓာတ်လျော့ နည်းတဲ့ ပြဿဿဿဿဿသနာတွေနဲ့ တခြား လိုအပ်ချက်တွေလည်း ရှိတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မံစီမြို့နယ် မန့်ဝိန်းကြီး ကျေးရွာနဲ့ နမ့်ခမ်းဘက်ကို တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေဟာ ထောင်နဲ့ချီရှိလာပြီလို့လည်း သူက ခန့်မှန်းပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ရွာသူရွာသားတွေကို တရုတ်နိုင်ငံကလည်း နိုင်ငံ နယ်နိမိတ်အတွင်းကို ၀င်ဖို့ ခွင့်မပြုခဲ့ပါဘူး။

နမ့်ခမ်းမှာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့က ၀န်ထမ်းကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးက အခြေအနေတည်ငြိမ်ပြီဆိုပြီး ရွာသားတွေကို ပြန်ခိုင်းတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024