DVB Logo
Home
မြန်မာသတင်း
မန္တလေး မြို့မတူရိယာဝိုင်းက တေးရေးဆရာကြီး မြို့မဆရာပေါ ကွယ်လွန်
DVB
·
August 29, 2022
မန္တလေး  မြို့မတူရိယာဝိုင်းက တေးရေးဆရာကြီး မြို့မဆရာပေါ ကွယ်လွန်
Donate to DVB

မန္တလေးမြို့ မြို့မတူရိယာဝိုင်းက တေးရေးဆရာကြီး မြို့မဆရာပေါ အသက် (၉၅)  ဟာ  ဩဂုတ် ၂၈ ရက် ည ၁၁ နာရီ ၅၈ မိနစ်က  ကွယ်လွန်သွားပါတယ်။

မြို့မဆရာပေါဟာ ဩဂုတ်လဆန်းပိုင်းက မန္တလေး ပုလင်းဝင်းရပ် နေအိမ်မှာ စန္ဒရားတီးအပြီး လဲကျရာမှ ပေါင်ကျိုးခဲ့ပြီး အိပ်ရာထဲ လဲနေရက  မနေ့ညက ကွယ်လွန်သွားတာဖြစ်ပါတယ်။

မြို့မဆရာပေါရဲ့ ရုပ်အလောင်းကို ဩဂုတ် ၂၉ ရက် မနက် ၁၁ နာရီ အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ် ပါတယ်။

မြို့မ ဆရာပေါကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ်မှာ အဖ ဦးပေါ်၊ အမိ ဒေါ်လှတို့ကနေ မန္တလေး၊ ဒါးတန်းရပ်မှာ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးကျော်စိုးဖြစ်ကာ အသက် ၂၄ နှစ်အရွယ်မှာ မြို့မတူရိယာဝိုင်းမှာ ဆက်ဆိုဖုန်း မှုတ်သူအဖြစ်နဲ့ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပါတယ်။

မြို့မဆရာပေါဟာ ၁၉၄၉-ခုနှစ် ကနေစပြီး သီချင်းတွေ စတင်ရေးသားခဲ့ကာ ၁၉၆၁ ခုနှစ်မှာ ကိုယ်ပိုင်မေတ္တာဇာတ်ကားနဲ့ ဓာတ်ပုံထူးချွန်ဆုကို ဦးလူကလေးနဲ့  ပူးတွဲရရှိခဲ့ပါတယ်။

သင်္ကြန်မိုး ရုပ်ရှင်ကားထဲက “နှစ်ကိုယ်တူ ချစ်သမျှ” သီချင်းနဲ့ ဒဏ္ဍာရီ ရုပ်ရှင်ကားက “အောင်ဇေမင်္ဂလာ” သီချင်းတို့ဟာ  မြို့မဆရာပေါရဲ့ အထူးထင်ရှားလူသိများတဲ့  သီချင်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013