သတင်းစာ ဆရာကြီး ဦးဝင်းတင် ဈာပန ပြင်ဆင်နေမှု (ဓာတ်ပုံ)
















1.3K
ဒီနေ့မနက်ပိုင်းက ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်ရဲ့ ဈာပန အခမ်းအနားကို အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုနဲ့ ဆောင်ရွက်နေပါတယ်။
ဦးဝင်းတင်အတွက် ၀မ်းနည်းခြင်းမှတ်တမ်းရေးနိုင်ဖို့အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ပြည်လမ်း ယုဒသန်ခန်းမတို့မှာ စီစဉ်ထားပြီး ဆုတောင်းပွဲအခမ်းအနားကိုလည်း ညနေပိုင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း၊ သာနိုးဝေ[gallery ids="55134,55135,55136,55137,55138,55139,55140,55141,55142,55143,55144,55145,55146,55147,55148,55149"]