Home
သတင်းဓာတ်ပုံ
ဒေါက်တာနိုလင်းဟေဇာ ရာထူးကနုတ်ထွက်ရေး ဝါရှင်တန်ဒီစီတွင်ဆန္ဒပြ
DVB
·
August 27, 2022

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ ရာထူးကနေနုတ်ထွက်ရေး အမေရိကန်အစိုးရက ကုလအထွေထွေညီလာခံမှာ ဖိအားပေးဖို့ အမေရိကန်ရောက်မြန်မာတွေက ဩဂုတ် ၂၆ ရက်မှာ  ဝါရှင်တန်ဒီစီရှိ အမေရိကန် နိုင်ငံခြားရေးဌာန အဆောက်အဦရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုဖို့၊ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့၊ စစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေး ထိရောက်တဲ့ ပိတ်ဆို့အရေးယူတာတွေဆက်လုပ်ပေးဖို့ ဆန္ဒထုတ်ဖော်သူတွေက တိုက်တွန်းခဲ့ကြပါတယ်။

ကုလသမဂ္ဂအထူးသံတမန် ဒေါက်တာနိုလင်းဟေဇာဟာ ဩဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာပါ။ 

တွေ့ဆုံမှုအပြီး ထုတ်ပြန်တဲ့   အထူးသံတမန်ရုံးရဲ့ ကြေညာချက်အရ ဒီခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် ထူးခြားတဲ့အကျိုးရလဒ်မရှိခဲ့ဘဲ စစ်ကောင်စီကို အချိန်ပေးစောင့်ကြည့်မယ့် ကုလသမဂ္ဂရဲ့ ချဉ်းကပ်ပုံကိုဆက်လက်ကိုင်စွဲခဲ့တာတွေ့ခဲ့ရပါတယ်။

ဒေါက်တာနိုလင်းဟေဇာရဲ့ ဆောင်ရွက်ချက်ဟာ  ပြည်သူတွေအတွက် အကျိုးမရှိနိုင်တဲ့အတွက် လုပ်ပိုင်ခွင့်အာဏာကိုရုပ်သိမ်းပြီး မြန်မာ့အရေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကိုယ်တိုင် ကိုင်တွယ်ဖို့ မြန်မာအရပ်ဖက်အဖွဲ့ ၈၆၄ ဖွဲ့က ဩဂုတ် ၂၂ ရက်မှာ  ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024