Home
မြန်မာသတင်း
မောင်တောခရိုင်တွင် လိုင်စင်မဲ့ကားများကို စစ်ကောင်စီဖမ်းဆီး
DVB
·
August 26, 2022
301455155_807497130272682_4815596467403083954_n

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း လိုင်စင်မဲ့ကားတွေကို သြဂုတ် ၂၅ ရက် မနက်ကစပြီး မောင်တောမြို့ဝင်ဂိတ်နဲ့ ဘူးသီးတောင်မြို့ဝင်ဂိတ်တွေမှာ စစ်ဆေး ဖမ်းဆီးနေတယ်လို့ ခရိုင်ရဲတာဝန်ရှိသူတွေက ပြောပါတယ်။

“ဗျူဟာက ဦးစီးပြီး အဖွဲ့ပေါင်းစုံပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးနေတာ။ အဓိကတော့ ဒေသလုံခြုံရေးအတွက်လို့ သိရတယ်။”

လိုင်စင်မဲ့ကားတွေကို နယ်မြေခံရဲတပ်ဖွဲ့၊ စစ်တပ်၊ ထွေ/အုပ်၊ ကညန၊ ပို့/ဆက်၊ ယာဥ်ထိန်းရဲ စတဲ့ အဖွဲ့ပေါင်းစုံပူးပေါင်းပြီး စစ်ဆေး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေကို သွင်းကုန်/ထွက်ကုန် ဥပဒေပုဒ်မ ၈ အရ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တိုက်ရိုက်အမှုဖွင့်လှစ်သွားမယ်လို့ ယာဥ်ထိန်းရဲတာဝန်ရှိသူတွေက ဆိုပါတယ်။

“ဖမ်းပြီး ချက်ချင်း တရားရုံးမှာ သွင်းကုန်/ထွက်ကုန် ဥပဒေပုဒ်မ ၈ နဲ့ တိုက်ရိုက်အမှုဖွင့်ပြီး အရေးယူသွားမှာ။”

မောင်တောခရိုင်မှာလိုင်စင်မဲ့ ကားကြီး ကားငယ် အစီး ၅၀၀ လောက်သာ ရှိကြောင်း မော်တော်ယာဥ်အသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

မောင်တောခရိုင်မှာ လိုင်စင်မဲ့ကားတွေကို သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ စစ်ဆေးဖမ်းဆီးသွားမယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024