
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၅ ရက် မနက် ၁၁ နာရီက ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လာပစ်တာဟာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာရောက်ပစ်ခတ်တာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“လေယာဉ်နဲ့ပစ်တာကတော့ ဟုတ်တယ်ဗျ။ ရွာရဲ့အရှေ့တောင်ဘက်က မိုင်တဲတာဝါတိုင် လှဲထားတာကို PDF က သံတိုသံစ လာဖြတ်ယူတာကို သတင်းပေါက်သွားလို့ လာပစ်တာဖြစ်နိုင်တယ်။ တခြားကတော့ ဘာတိုက်ပွဲမှမရှိဘူး။ ဘာတွေဖြစ်သလဲတော့ သွားလည်းမကြည့်ရဲဘူးဗျ။ ပစ်တာကတော့ သေချာတယ်ဗျ။”
အခုလို လေယာဉ်နဲ့ လာပစ်ခတ်လို့ ရွာသားတွေ ထိခိုက်တာနဲ့ အပျက်အစီး သတင်းတွေကတော့ မရရှိသေးပါဘူး။
အဆိုပါ ကံသစ်ရွာဟာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်စခန်းတည်ရှိရာ နေရာနဲ့ အနီးဆုံးဖြစ်နေတာကြောင့် မြေပြင်ကနေ စစ်ကြောင်းထိုးလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြကာ ရွာသားတချို့ကတော့ ကြိုတင်ရှောင်ရှားနေတယ်လို့ သိရပါတယ်။